Connect with us

Asia

ထိုင်းဘုရင်ဟောင်း၏ ဈာပနအခမ်းအနားသို့ ထိုင်းလူမျိုးသန်းပေါင်းများစွာ တက်ရောက်ဂါရဝပြု


ဘန်ကောက်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတစ်ဝန်းမှ အနက်ရောင်ဝတ်ဆင်ထားသော ထိုင်းလူမျိုး သန်းပေါင်းများစွာ နှင့် နိုင်ငံတကာမှ အခြားပြည်သူများသည် ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်၏ သမိုင်းဝင် မီးသဂြိုလ်ခြင်း ဈာပနအခမ်းအနားသို့ အောက်တိုဘာ ၂၆ ရက်က တက်ရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့တွင် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း အပါအဝင် ထိုင်းတော်ဝင်မိသားစုများသည် Grand Palace မှ Sanam Luang ကွင်းပြင်အနီးရှိ ခမ်းနားလှပစွာ တန်ဆာဆင်တည်ဆောက်ထားသော မီးသဂြိုလ်စင်သို့ ရွှေရောင်အရိုးပြာအိုးကို ဦးဆောင်သယ်ယူခဲ့ကြကြောင်း သိရသည်။

ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်၏ သမိုင်းဝင် မီးသဂြိုလ်ခြင်း ဈာပနအခမ်းအနား အားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်ဖြစ်သည့် ဒုတိယဝန်ကြီးချုပ် ကျန်းကောလိ အပါအဝင် နိုင်ငံများစွာမှ တော်ဝင်မိသားစုဝင်များ နှင့် အကြီးတန်းအရာရှိကြီးများသည် Sanam Luang ၌ကျင်းပသည့် ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်၏ သမိုင်းဝင် မီးသဂြိုလ်ခြင်း ဈာပနအခမ်းအနား အားတွေ့ရစဉ် (ဆင်ဟွာ)

ဈာပနအခမ်းအနားသို့ လာရောက်ဂါရဝပြုသူများစွာသည် တော်ဝင်အခမ်းအနားအစီအစဉ်ကို ကြည့်ရှုခဲ့ပြီး မီးသဂြိုလ်စင်အား စန္ဒကူးပန်းများဖြင့် ပူဇော်ဂါရဝပြုခဲ့ကြကြောင်း သိရသည်။ မီးသဂြိုလ်ခြင်းဈာပနအခမ်းအနား အား အောက်တိုဘာ ၂၆ ရက် နေ့လည်နှောင်းပိုင်းတွင် စတင်ပြင်ဆင်ခဲ့ပြီး အမှန်တကယ် မီးသဂြိုလ်ခြင်းအခမ်းအနားကို ညပိုင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြို့တော် နှင့် နိုင်ငံတစ်ဝန်းမှ ပြည်နယ် စုစုပေါင်း ၇၆ခု ရှိ သီးသန့်အထူးနေရာများတွင် စန္ဒကူးပန်းများဖြင့် ပုံစံတူ မီးသဂြိုလ်ခြင်းအခမ်းအနားများ ကျင်းပပူဇော်ခဲ့ကြကြောင်းသိရသည်။ထို့ပြင် ကမ္ဘာ့မြို့တော်များ ရှိ ထိုင်းသံရုံးများ နှင့် ကောင်စီရုံးများတွင်လည်း အလားတူ ဈာပနအခမ်းအနားများ ကျင်းပခဲ့ကြကြောင်း သိရသည်။ထိုင်းဘုရင်ဟောင်း ဘူမိဘော သည် ၁၉၄၆ခုနှစ်မှစ၍ နှစ် ၇၀ကြာ ထီးနန်းစိုးစံခဲ့ပြီးနောက် ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် နတ်ရွာစံခဲ့ကြောင်း သိရသည်။ ၎င်း၏ ထီးနန်းအရိုက်အရာအား တစ်ဦးတည်းသော သားဖြစ်သူ မဟာဝိဇယလောင်ကွန်းက ဆက်လက်ခံယူခဲ့ပြီး မဟာဝိဇယလောင်ကွန်းသည် ၁၉၇၂ခုနှစ်တွင် အိမ်ရှေ့စံဖြစ်ခဲ့သူ ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117