Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းတွင် အင်အား ၆.၂ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ် ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ East Nusa Tenggara ပြည်နယ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း East Nusa Tenggara ပြည်နယ် တွင် ဇန်နဝါရီ ၂၂ရက် က အင်အား ၆.၂ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီဖြစ်ပေါ်နိုင်ခြေမရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပ ဌာနကပြောကြားခဲ့သည်။

ငလျင်သည် ဂျာကာတာစံတော်ချိန် နံနက် ၆း၅၉နာရီ တွင် ပြည်နယ်အတွင်းရှိ Sumbawa ကျွန်း အနောက်တောင်ဘက် ၁၀၃ကီလိုမီတာအကွာ ရှိ ပင်လယ်ကြမ်းပြင်အောက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဘူမိရူပ ဌာန ကြီးကြပ်ရေးမှူး Aziz Sugiarso က ပြောကြားခဲ့သည်။

၎င်းက ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီ ဖြစ်ပေါ်လာနိုင်သည့် လက္ခဏာများမတွေ့ရှိရသောကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သည် “the Pacific Ring of Fire” ခေါ် ငလျင်ကြောပေါ်တွင် တည်ရှိနေသဖြင့် ငလျင်မကြာခဏလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.