Connect with us

Asia

ပါကစ္စတန်တွင် ဆီသယ်ယာဉ် နှင့် ဘတ်စ်ကားတိုက်မိ၍ လူ ၂၆ဦးသေဆုံး

ပါကစ္စတန်တွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Hubခရိုင် တွင် ဇန်နဝါရီ ၂၁ရက် ညနေပိုင်းက ဆီသယ်ယာဉ် နှင့် ဘတ်စ်ကားတိုက်မိရာ သေဆုံးသူဦးရေသည် ၂၆ဦးအထိ မြင့်တက်လာကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရဲမှူးကြီး Agha Ramzan Ali က ဒဏ်ရာရရှိသူ ၁၃ဦးသည် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ်အတွင်း ဆိုးရွားလှသော မီးလောင်ဒဏ်ရာများကြောင့် သေဆုံးခဲ့သဖြင့် သေဆုံးသူမြင့်တက်လာခြင်းဖြစ်ကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။

ရဲအရာရှိက နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Hub ခရိုင် Bela Cross ဧရိယာ တွင် အရှိန်လွန်မောင်းနှင်လာသော ခရီးသည်တင်ဘတ်စ်ကားသည် ဆန့်ကျင်ဘက်လမ်းမှ မောင်းနှင်လာသည့် ဆီသယ်ယာဉ် နှင့် တိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဘတ်စ်ကား နှင့် ဆီသယ်ယာဉ်တို့ မီးလောင်ကျွမ်းခဲ့သဖြင့် ခရီးသည်အများစုတွင်မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းဆေးရုံတွင် မီးလောင်ဒဏ်ရာများအား ကုသရန် ပစ္စည်းကိရိယာများမရှိသဖြင့် သေဆုံးသူမြင့်တက်လာခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။

အနည်းဆုံး ဒဏ်ရာရရှိသူ ၁၆ဦးကို ဆေးရုံများတွင် ဆေးကုသပေးထားပြီး ၎င်းတို့အနက် ၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း နှင့် ဒဏ်ရာအပြင်းအထန်ရရှိသူများကို ပိုမိုကောင်းမွန်သော ဆေးကုသမှုပေးနိုင်ရန် နိုင်ငံတောင်ပိုင်း Karachiမြို့သို့ ပို့ဆောင်ပေးထားကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

ခရီးသည် ၄၀ကျော်လိုက်ပါလာသော ဘတ်စ်ကားသည် Karachi မြို့မှ ယာဉ်မတော်တဆမှုဖြစ်ပွားရာ နိုင်ငံ အနောက်တောင်ပိုင်း Panjgur မြို့သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.