Connect with us

Asia

အင်ဒိုနီးရှား တိုက်ခိုက်မှုတွင် သံသယရှိသူ ၃ ဦး ဖမ်းဆီးရမိ

ဇန်နဝါရီလ ၁၄ရက်က ဂျာကာတာမြို့အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရာနေရာ ၌ရဲတပ်ဖွဲ့ဝင်များလုံခြုံရေးဆောင်ရွက်နေစဉ်။(ဆင်ဟွာ)

ဂျာကာတာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံမြို့တော်တွင် ဗုံးပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှုတွင် ပါဝင်ခဲ့ကြောင်း သံသယရှိသူ သုံးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဂျာကာတာမြို့စွန်တွင် ဇန်နဝါရီလ ၁၅ ရက် နံနက်အရုဏ်မတက်မီက ဖမ်းဆီးမိခဲ့ပြီး နိုင်ငံအတွင်းရှိ အခြား ဂျီဟတ် အဖွဲ့ဝင်များကိုလည်း ဆက်လက်ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ သုံးဦးမှာ ဇန်နဝါရီလ ၁၄ ရက်က ရဲရုံ တစ်ခုနှင့် စတားဘက်ခ် ကော်ဖီဆိုင်တစ်ခုအနီး ပေါက်ကွဲမှု များနှင့် ဆက်စပ်မှုရှိခြင်းကြောင့် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အန်တန် ချာလီဟန်က ပြောသည်။

“သံသယရှိသူ တစ်ဦးရဲ့ အိမ်မှာ အိုင်အက်စ် အလံတချို့တွေ့ခဲ့တဲ့အတွက် ဒီပေါက်ကွဲမှုဟာ အိုင်အက်စ်နဲ့ ဆက်သွယ်မှုရှိကြောင်း ကျွန်တော်တို့ အသေအချာ ပြောနိုင်တာပေါ့” ဟု ၎င်းက အမျိုးသား ရဲတပ်ဖွဲ့ဋ္ဌာနချုပ် တွင် ပြောကြားခဲ့သည်။

လက်ရှိ ဖမ်းဆီးမိထားသည့် သံသယရှိသူ သုံးဦးအား Depok မြို့ရှိ ရဲဋ္ဌာန၌ ထိန်းသိမ်းထားပြီး နိုင်ငံအတွင်း အခြား ဂျီဟတ် အဖွဲ့ဝင်များကိုလည်း အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့က ရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသား ၈၀၀ ကျော်သည် ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ်အဖွဲ့နှင့် ဆက်သွယ်မှုရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး မူဆလင်အဖွဲ့ကြီး Nahdlatul Ulema ဥက္ကဋ္ဌ Agil Siraj ပြောစကားအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.