Connect with us

Asia

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၏ Twitter အကောင့်သည် အိန္ဒိယနိုင်ငံ ၌ ဒုတိယ follower အများဆုံးအကောင့် ဖြစ်လာ

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၏ Twitter အကောင့်အားတွေ့ရစဉ်

နယူးဒေလီ၊ဇန်နဝါရီလ၁၇ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါ မိုဒီ၏ Twitter အကောင့် အား follow လုပ်သူ ၁၇,၃၇၁,၆၀၀ ဦးရှိပြီး အိန္ဒိယနိုင်ငံ ၌ ဒုတိယ follower အများဆုံးအကောင့် ဖြစ်လာကြောင်း နှင့် လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ Twitter ၌် follower အများဆုံးပိုင်ဆိုင်ထားသူမှာ အိန္ဒိယ ဘောလိဝုဒ်ရုပ်ရှင်မင်းသားကြီး အမီတာ ဘဂျမ်း ဖြစ်ကာ follower ၁၈.၉ သန်းနီးပါးရရှိထားကြောင်း ဒေသခံ ရုပ်သံလိုင်း NDTV ကဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် ၏ အကောင့်အား follow လုပ်သူအရေအတွက်သည် နှစ်လလျှင် တစ်သန်းနီးပါး တိုးများ လာကြောင်း သိရသည်။

မိုဒီသည် ၂၀၀၉ ခုနှစ်တွင် Twitter စတင်အသုံးပြုခဲ့ပြီး အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တွင် follower အများဆုံးရရှိသူ ဖြစ်လာကာ ကမ္ဘာ့နိုင်ငံရေး နယ်ပယ် ၌ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား ပြီးလျှင် ဒုတိယ follower အများဆုံးရရှိသူ ဖြစ်ကြောင်း သိရသည်။ (Xinhua)