Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ မှ ရဟတ်ယာဉ် တစ်စင်း ပျက်ကျ သဖြင့် အနည်းဆုံး ၃ ဦး သေဆုံး

အင်ဒိုနီးရှား နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ရဟတ်ယာဉ် ပျက်ကျမှု အတွက် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင် များလုပ်ငန်းဆောင်ရွက်နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျာကာတာ ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ Central Java ပြည်နယ် ရဲတပ်ဖွဲ့ က အင်ဒိုနီးရှား နိုင်ငံ အမျိုးသား ရှာဖွေကယ်ဆယ်ရေး စင်တာ မှ ရဟတ်ယာဉ် တစ်စင်းသည် ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းအချိန်တွင် Central Java ပြည်နယ် တောတွင်းပိုင်းတွင် ပျက်ကျ ခဲ့ပြီး အနည်းဆုံး ၃ ဦး သေဆုံး ခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ရဲတပ်ဖွဲ့ က ယင်းရဟတ်ယာဉ် သည် Central Java ပြည်နယ် အတွင်းရှိ Sirelli မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် ဒုက္ခသည် များကို ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေစဉ် အတွင်း ဒေသစံတော်ချိန် နေ့လယ် ၄ နာရီ အချိန်ခန့်၌ မြေပြင် နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း ၊ ထိုနောက်တွင် ရဟတ်ယာဉ် အား Central Java ပြည်နယ် Temanggung ခရိုင် ၏ တောတွင်း၌ ပျက်ကျနေသည် ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ က အခင်းဖြစ်ပွားစဉ် ရဟတ်ယာဉ် ပေါ်၌ ရဟတ်ယာဉ် ဝန်ထမ်း ၅ ဦး နှင့် ခရီးသည် ၄ ဦး လိုက်ပါခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ မှ ရုပ်အလောင်း ၃ လောင်း ကို တွေ့ရှိခဲ့ပြီး ကျန်သောသူ တို့ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ၊ အခင်းဖြစ်ပွားသည့် နေ့တွင် မြူများ ထူထပ်စွာ ဖြစ်ပေါ်နေပြီး ရဟတ်ယာဉ် မှ တောင်စောင်း ကို တိုက်မိ၍ ပျက်ကျ ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ထိုနေ့ နံနက်ပိုင်း အချိန်တွင် ဖြစ်ပွား ခဲ့သည့် Sirelli မီးတောင် ပေါက်ကွဲမှု ကြောင့် အနည်းဆုံး ခရီးသည် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။Sirelli မီးတောင် သည် အင်ဒိုနီးရှား နိုင်ငံ Central Java ပြည်နယ် တွင် တည်ရှိသည့် လှုပ်ရှားမှု အများဆုံး သော မီးတောင် တစ်ခု အပါအဝင် ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံ တွင် ခရီးသွားဧည့်သည် များ သွားလာမှု များပြားသော နေရာ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)