Connect with us

Asia

မြောက်ကိုးရီးယား အရေးအပေါ် အမေရိကန် နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ဖုန်းဖြင့်ဆွေးနွေးခဲ့

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး တီလာဆန် အားတွ့ ရစဉ် (ဆင်ဟွာ)

ဆိုးလ် ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယားနိုင်ငံ၏ နျူကလီးယား အစီအစဉ် နှင့် ပိုမိုခိုင်မာသော နှစ်ဖက်အကျိုးတူ မဟာမိတ်ဖြစ်စေရေးအတွက် အမေရိကန် နှင့် တောင်ကိုးရီးယား မဟာမိတ် နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတို့သည် ဖေဖော်ဝါရီလ ၇ ရက်တွင် တယ်လီဖုန်းဆက်သွယ်၍ ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

လွန်ခဲ့သော ရက်သတ္တပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တင်မြှောက်ခြင်းခံရသည့် တီလာဆန် နှင့် တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Yun Byung သည် ယနေ့နံနက်အစောပိုင်းက၂၅ မိနစ်ကြာ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးစဉ် တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး Yun က အမေရိကန်နှင့်တောင်ကိုးရီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးခိုင်မြဲစေရန်မှာ သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအတွက် အလွန်အရေးကြီးကြောင်း မီးမောင်းထိုးပြောဆိုခဲ့သည်။

မြောက်ကိုးရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်ကို ကိုင်တွယ်ဖြေရှင်းရန် နှင့် အခြားဆက်စပ် အကြောင်းအရာများကို ဖြေရှင်းရန်အတွက် သမ္မတဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် အမေရိကန်-တောင်ကိုးရီးယားနိုင်ငံဆက်ဆံရေးသည် အမြဲ ခိုင်မာနေစေရန် နှစ်ဖက်တာဝန်ရှိသူများက သဘောတူညီခဲ့ကြသည်။

မြောက်ကိုးရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်သည် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်အစိုးရအတွက် အလွန်အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ပြီး အမေရိကန်-ကိုးရီးယား နှစ်နိုင်ငံစလုံးအနေဖြင့် မည်သည့် ဖြစ်နိုင်ခြေမျိုးမဆို မြောက်ကိုးရီးယားနိုင်ငံ၏ ရန်စမှုများအတွက် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံသမ္မတ ပတ်ဂွမ်ဟေး စွပ်စွဲပြစ်တင်ခံရပြီးနောက် သမ္မတသစ်ဖြစ်လာသူ တောင်ကိုးရီးယားနိုင်ငံဝန်ကြီးချုပ် Hwang Kyo-ahn ထံ ပြီးခဲ့သော ဇန်နဝါရီလ ၃ဝ ရက်က အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ဖုန်းဆက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့ပြင် ပြီးခဲ့သော ရက်သတ္တပတ်က အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဂျိမ်းစ်မက်တစ် (James Mattis ) သည် တောင်ကိုးရီးယားနိုင်ငံသို့အလည်အပတ်ခရီးသွားရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.