Connect with us

Asia

တောင်ကိုရီးယား-အမေရိကန် အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကိုရီးယားကျွန်းဆွယ်၌ စတင်ပြုလုပ်

ကိုရီးယား-အမေရိကန် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု မြင်ကွင်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့သည် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယနေ့(ဒီဇင်ဘာ ၄ ရက်)တွင် ကိုရီးယားကျွန်းဆွယ်၌ စတင်ပြုလုပ်ခဲ့ကြောင်း ၊ ယင်းစစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် ဂျက်တိုက်လေယာဉ် ၂၃ဝ စင်း ၊ ဗုံးကျဲလေယာဉ်များ နှင့် အခြား တိုက်ခိုက်ရေးလေယာဉ်များ ပါဝင်ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

တောင်ကိုရီးယားတပ်ဖွဲ့ဝင်များသည် အမေရိကန်နိုင်ငံ အမှတ်(၇) လေတပ် တပ်ဖွဲ့နှင့်အတူ ပူးတွဲလေ့ကျင့်မှုများကို ဒီဇင်ဘာလ ၄ ရက် မှ ၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

၎င်းလေ့ကျင့်ရေးအစီအစဉ်တွင် နှစ်ဖက်တပ်ဖွဲ့ဝင် အင်အား ၁၂,ဝဝဝ ပါဝင်မည်ဖြစ်ပြီး တောင်ကိုရီးယား နှင့် အမေရိကန် မဟာမိတ် နှစ်နိုင်ငံအကြား ပြုလုပ်ခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများအနက် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတစ်ခု ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၂၉ ရက်တွင် မြောက်ကိုရီးယားနိုင်ငံမှ Hwasong-15 တာဝေးတိုက်ချင်းပစ်ဒုံးကျည်ကို ပစ်လွှတ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

၎င်းဒုံးကျည်သည် အမြင့် ၄၆ဝဝ ကီလိုမီတာ နှင့် ခရီးအကွာအဝေး ၁ဝဝဝ ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ပြောကြားချက်အရ သိရသည်။ ထို့ပြင် အဆိုပါဒုံးကျည်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့အထိ ခရီးအကွာအဝေး ၁၃ဝဝဝ ကီလိုမီတာကို ပျံသန်း ရောက်ရှိနိုင်စွမ်း ရှိကြောင်း တောင်ကိုရီးယား နိုင်ငံက ပြောကြားခဲ့သည်။

Vigilant ACE ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် အခြေစိုက်ထားသော အမေရိကန်လေတပ်မှ F-22 တိုက်လေယာဉ် ၆ စင်း ၊ F-35A တိုက်လေယာဉ် ၆ စင်း ၊ F-35B ဂျက်တိုက်လေယာဉ် ၁၂ စင်းအပါအဝင် အမေရိကန်ဂျက်တိုက်လေယာဉ် ၂၄ စင်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် B-1B မှ လည်း ဗုံးကျဲခြင်းများကို လေ့ကျင့်သွားမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံဘက်မှ F-15K ၊ KF-16 နှင့် FA-50 ဂျက်တိုက်လေယာဉ်များ ပူးပေါင်း လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.