Connect with us

Asia

အာဆီယံ ထိပ်သီးညီလာခံ မကျင်းပမီ မနီလာမြို့ တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး ၁၁ဦး ဒဏ်ရာရရှိ

မနီလာမြို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဧပြီ ၂၈ ရက် ည က အဓိက လမ်းမကြီးတစ်ခု တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် သတင်းဋ္ဌာနများက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် Quiapo ခရိုင် တွင် ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် ည ၁၁း၀၀နာရီ က ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဧပြီ ၂၉ရက်တွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံ မတိုင်ခင် တစ်ညတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားရခြင်းကို စုံစမ်းနေကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို လတ်တလော သိရှိခြင်းမရှိသေးကြောင်း နှင့် ပေါက်ကွဲမှုသည် ထိပ်သီးညီလာခံနှင့် သက်ဆိုင်မှုမရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.