Connect with us

Asia

ဖိလစ်ပိုင် တွင် ဘုရားရှိခိုးကျောင်း ပေါက်ကွဲမှု ကြောင့် လူ ၈ဦးသေ၊ ၇ဦးဒဏ်ရာရရှိ

ဖိလစ်ပိုင်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်း ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဇန်နဝါရီ ၂၇ ရက်က ဗုံး၂လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြားလူ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။

ဆူလူပြည်နယ် ဂျိုလိုမြို့ ရှိ ဂျိုလိုခရစ်ယာန်ဘုရားရှိခိုးကျောင်း ၌ ဒေသစံတော်ချိန် နံနက် ၈နာရီက လူအများရှိနေချိန်တွင် ပေါက်ကွဲမှု၂ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိခိုက်သေဆုံးသူအများစုမှာ ဘုရားကျောင်းသို့ လာရောက်သူများဖြစ်ကြောင်း ကနဦးသတင်းဖော်ပြချက်များအရသိရသည်။

ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူဦးရေမြင့်တက်လာနိုင်ကြောင်း သတင်း၌ပါရှိသည်။

စစ်တပ်ဘက်မှ ယင်းပေါက်ကွဲမှုများနှင့် ပတ်သက်၍အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

မင်ဒါနာအိုပြည်နယ် ရှိ အစ္စလာမ်ဘာသာဝင် ဖိလစ်ပိုင်များအတွက် ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခု ဖန်တီးပေးရန် လမ်းကြောင်းတစ်ခုဖြစ်သည့် Bangsamoro Organic Law (BOL) ဥပဒေ အား သဘောတူညီပြီး ရက်အနည်းငယ်အကြာတွင် ယင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

ဂျိုလိုဒေသခံများသည် ဇန်နဝါရီ ၂၁ ရက်တွင် ပြုလုပ်သော ဆန္ဒခံယူပွဲတစ်ခု ၌ BOL ဥပဒေကို ဆန့်ကျင်ခဲ့သော်လည်း Lanao del Sur နှင့် Magiuindanao ပြည်နယ်များအပါအဝင် အခြားအဓိကကျသော မွတ်စလင်နယ်မြေများတွင် ယင်းဥပဒေအား တစ်ခဲနက် ထောက်ခံခဲ့ကြောင်းသိရသည်။

ရွေးကောက်ပွဲကော်မရှင်က BOL ဥပဒေသည် ထောက်ခံမဲ ၁.၅သန်း ရရှိခဲ့ပြီးနောက် ယင်းဥပဒေ အား အတည်ပြုနိုင်ချေရှိကြောင်း ဇန်နဝါရီ ၂၅ ရက်ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.