Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ တွင် ရေကြီးမှု နှင့် မြေပြိုမှု ဖြစ်ပွားသဖြင့် နိုဝင်ဘာလ ၂၈ ရက် ထိ လူပေါင်း ၁၁ ဦး သေဆုံး

အင်ဒိုနီးရှား နိုင်ငံ တွင် ရေကြီးမှု ဖြစ်ပွားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျာကာတာ ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေး ကာကွယ်ရေးဌာန က လတ်တလော ရက်ပိုင်းတွင် အရှေ့ ဂျာဗား ပြည်နယ် ၌ ဆိုးရွားသည့် ရာသီဥတုကြောင့် ရေကြီးမှု နှင့် မြေပြိုမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံးခဲ့ရပြီး ထောင်နှင့်ချီသော နေအိမ်များ ရေနှစ်မြုပ် ခဲ့ရကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေး ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာသတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြား ခဲ့ရာတွင် အရှေ့ဂျာဗား ပြည်နယ် Pacitan ခရိုင်တွင် နိုဝင်ဘာ ၂၈ ရက်နေ့၌ မြေပြိုမှု ဖြစ်ပွား ခဲ့သောကြောင့် ဒေသတွင်းရှိ ပြည်သူ ၉ ဦး မြုပ်နှံခြင်း ခံခဲ့ရပြီး လူ ၂ ဦးမှာ ရေကြီးမှုကြောင့် မျောပါသွားကြောင်း ၊ အရှေ့ဂျာဗား ပြည်နယ်တွင် လက်ရှိချိန်၌ လူပေါင်း ၄၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ပို့ဆောင်ပေးရန် လိုအပ်နေကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ က အပူပိုင်း မုန်တိုင်း Chapacar သည် ဂျာဗား ကျွန်းကို ရောက်ရှိလာချိန်တွင် မိုသည်းထန်စွာရွာသွန်းခြင်း နှင့် လေကြီး ခြင်းတို့ကို ဖြစ်ပွား စေခဲ့သောကြောင့် မြို့နှင့် ခရိုင်ပေါင်း ၂၀ ထိခိုက်ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ တွင် နှစ်စဉ် နိုဝင်ဘာလ မှ နောက်နှစ် ဧပြီ လ အထိ သည် မိုးရာသီ အချိန် ကာလ ဖြစ်ပြီး မြေပြိုမှု နှင့် ရေကြီးမှု အများဆုံး ဖြစ်ပွား သည့် အချိန် ကာလ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.