Connect with us

Asia

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ ဝတ်စုံရောင်းချရမှုဈေးနှုန်းကို ကမ္ဘာ့ဂင်းနစ်စံချိန်သတ်မှတ်

ကမ္ဘာ့ဈေးအကြီးဝတ်စုံဖြင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ၎င်းဝတ်ဆင်ခဲ့သော ဝတ်စုံကို အမေရိကန်ဒေါ်လာ ၇ဝဝ,ဝဝဝ ဖြင့် လေလံတင်ရောင်းချခဲ့ရာ ၎င်းမှာ ကမ္ဘာ့ဈေးအကြီးဆုံးဝတ်စုံအဖြစ် ဂင်းနစ်စံချိန်စာအုပ်၌ မှတ်တမ်းတင်ခြင်းခံရကြောင်း ANI သတင်းဌာနက သြဂုတ်လ ၂ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါဝတ်စုံကို ရွှေအပ်များဖြင့် ချုပ်လုပ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံသမ္မတ အိုဘားမား နှင့်တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အင်္ကျ ီပေါ်တွင် မိုဒီ၏ အမည်အစ စာလုံးအတိုကောက်စာတန်းများကို ရေးထိုးထားခြင်းမှာ အိန္ဒိယဝန်ကြီးချုပ်အနေဖြင့် မိမိကိုယ်ကို စိတ်စွဲခြင်း နှင့် ကိုယ့်ကိုယ်ကို အမြဲဂုဏ်ဖော်ချီးကျူးလိုသော အတ္တပေမ ဝါဒီ တစ်ဦးအဖြစ်ပုံဖော်ရန် ဟန်ပြရေးထိုးထားခြင်းသာဖြစ်ကြောင်း အတိုက်အခံပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ပျက်ရယ်ပြုခဲ့ကြသည်။
အဆိုပါလေလံပွဲကို၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလမှ ပြုလုပ်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်မှ၍ မိုဒီလက်ခံ ရရှိခဲ့သော လက်ဆောင်အမျိုးပေါင်း ၄ဝဝ ကျော်ကိုလည်း လေလံတင်ရောင်းချခဲ့ကာ အဆိုပါငွေကြေးအားလုံးကို ဂင်္ဂ ါမြစ်ရေသန့်ရှင်းရေးရံပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံ Gujarat ပြည်နယ်မှ ပုဂ္ဂလိကလေကြောင်းလိုင်းပိုင်ရှင် နှင့် စိန်ကုန်သည်တစ်ဦးဖြစ်သူ Laljibhai Patel က မိုဒီ၏ ဝတ်စုံကို အိန္ဒိယရူပီ 43,131,311 ( အမေရိကန်ဒေါ်လာ ၆၉၃,၁၇၄ ) ဖြင့် ဝယ်ယူခဲ့ကြောင်းသိရသည်။
အသက် ၆၂ နှစ်အရွယ်ရှိ Patel က လေလံအောင်ခဲ့သည့် ဝတ်စုံကို ၎င်း၏ စက်ရုံ၌ ပြသထားမည်ဖြစ်ကြောင်း ၊ မိုဒီကိုယ်တိုင် ဝတ်ဆင်ခဲ့သည့် ဝတ်စုံတစ်စုံဖြစ်နေ၍ ပေးဝယ်ရသောတန်ဖိုးငွေမှာ အဓိကမဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဝတ်စုံကို မိုဒီ၏သားလက်ထပ်ပွဲ၌ လက်ဆောင်မွန်အဖြစ် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် Ramesh Virani က မိုဒီအားပေးအပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.