Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံမူးယစ်ဆေးတိုက်ဖျက်ရေးတွင် အကူအညီပေးခဲ့သည့် တရုတ်နိုင်ငံအား ဖိလစ်ပိုင်သမ္မတ ဂုဏ်ပြု

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး အားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက နိုင်ငံတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းစဉ်တွင် အကူအညီပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း သြဂုတ်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

Davao မြို့၌ သြဂုတ်လ ၂ဝ ရက် နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒူတာတေးက “ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အကူအညီပေးမယ်လို့ကမ်းလှမ်းလာတဲ့ နိုင်ငံတွေရှိပါတယ်။ ဒါပေမယ့် အမှန်စင်စစ် တရုတ်နိုင်ငံက ပထမဆုံး ကမ်းလှမ်းခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
“ အဲဒီအတွက် ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အတွက် တရုတ်နိုင်ငံက ဘာတွေလုပ်ပေးခဲ့လဲဆိုတာကို အမြဲသတိရနေမှာပါ” ဟု ဒူတာတေးကဆက်ပြောသည်။ အကူအညီပေးရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ကမ်းလှမ်းမှုအသေးစိတ်ကို ဒူတာတေးက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
နိုင်ငံအတွင်း မူးယစ်ဆေးနှင့်ဆက်နွယ်သည့် ရာဇဝတ်မှုများ နှင် အဂတိလိုက်စားမှုများကို နှိမ်နင်းရန်သွားရန် သံဓိဋ္ဌာန်ချမှတ်ထားကြောင်း ဖိလစ်ပိုင်သမ္မတက ပြောဆိုခဲ့ပြီး လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသည် မူးယစ်ဆေးဝါးနွံထဲနစ်နေကြောင်း ၎င်းကဆိုသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ ရဲဗိုလ်ချုပ်များ ၊ နိုင်ငံရေးသမားများ နှင့် တရာသူကြီးများပင်လျင် မူးယစ်ဆေးဝါမှုများကို အကာအကွယ်ပေးနေကြောင်း ဒူတာတေးက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.