Connect with us

Asia

အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် လေယာဉ်ပြေးလမ်းချော်၍ ခရီးသည် ၁၅ဦးဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် လေယာဉ်ပြေးလမ်းချော်ခဲ့သည့် Jet Airways မှ လေယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ် ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည် ၁၅၀ဦး တင်ဆောင်လာသော လေယာဉ်တစ်စီးသည် ဒီဇင်ဘာ ၂၇ရက်က လေဆိပ်မှထွက်ခွာရန် ပြင်ဆင်နေစဉ် လေယာဉ်ပြေးလမ်း မှ လွဲချော်မှုဖြစ်ပွားခဲ့ပြီး လေယာဉ်မှ ခရီးသည်များအား ကယ်ထုတ်ရာ အနည်းဆုံး ခရီးသည် ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဒူဘိုင်းမြို့မှ ထွက်ခွာလာပြီး ဂိုအာပြည်နယ် ဒါဘိုလင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော Jet Airways မှ လေယာဉ်တစ်စီးသည် မွန်ဘိုင်းမြို့သို့ ထွက်ခွာရန် ပြင်ဆင်နေစဉ် ဒေသစံတော်ချိန် နံနက် ၅နာရီ ၌ အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှူးများသည် အကြောင်းတစ်စုံတစ်ရာကြောင့် လေယာဉ် ပျံတက်မှုအား ရပ်တန့်ရန် ကြိုးပမ်းခဲ့ရာ လေယာဉ်သည် ၃၆၀ဒီဂရီ လည်ထွက်သွားခဲ့ကြောင်း သိရသည်။

Jet Airways က ၎င်းတို့၏ ဂိုအာ မှ မွန်ဘိုင်းသို့ပျံသန်းမည့် လေယာဉ် အမှတ် 9W 2374 သည် ပျံသန်းရန် လုပ်ဆောင်နေစဉ် လေယာဉ်ပြေးလမ်းမှ ရုတ်တရက် လမ်းကြောင်းပြောင်းခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်၌ ခရီးသည်အားလုံး နှင့် လေယာဉ်ဝန်ထမ်းများအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့် ခရီးသည်များအား Jet Airways အဖွဲ့ နှင့် လေဆိပ်အာဏာပိုင်များပူးပေါင်း၍ ဆေးကုသမှုများ ပြုလုပ်ပေးနေကြာင်း ပါရှိသည်။

ပြည်တွင်း ရုပ်သံလိုင်းများက ထုတ်လွှင့်ခဲ့သော လေယာဉ်ဝန်ထမ်း နှင့် ခရီးသည်တချို့၏ လက်ကိုင်ဖုန်းများဖြင့် ရိုက်ကူးထားသော ဓါတ်ပုံ၊ ဗွီဒီယို များအရ လေယာဉ်ကိုယ်ထည်သည် ရွှံ့ထဲသို့ နစ်မြုပ်ခဲ့၍ ၎င်း၏ ဆင်းသက်ဂီယာ လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ပြည်တွင်းလေကြောင်းဦးစီးဋ္ဌာနချုပ် က အဆိုပါ ဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း အကြီးတန်းလေကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.