Connect with us

Asia

အိန္ဒိယတွင် မီးရှူးမီးပန်း စက်ရုံ မီးလောင်မှုကြောင့် လူ ၅ ဦး သေဆုံး

တမီလ်နာဒူပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံ မီးလောင်ကျွမ်းမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

တမီးလ်နာဒူပြည်နယ် မြို့တော် ချင်းနိုင်မြို့တောင်ဘက် ၅၄၃ ကီလိုမီတာခန့် အကွာက Viruhunagar ခရိုင်ရှိ ဆတ္တာမြို့အနီးရှိ စက်ရုံတွင် ဒီဇင်ဘာလ ၂၆ ရက်က မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

“စက်ရုံ မီးလောင်မှုကြောင့် စက်ရုံ အလုပ်သမား ငါးဦး သေဆုံးခဲ့ပြီး အခြားသူ လေးဦးက စိုးရိမ်ဖွယ် ဒဏ်ရာတွေ ရရှိခဲ့တယ်၊ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေက မီးလောင်ကျွမ်းသွားခဲ့တယ်၊ သေဆုံးသူတွေထဲမှာ သုံးယောက်က အမျိုးသမီးတွေပါ” ဟု Virudhunagar ခရိုင်က ရဲအရာရှိ တစ်ယောက်က ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် စက်ရုံအတွင်း ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ကာ စက်ရုံ၏ ထုတ်လုပ်ရေးပိုင်း ယူနစ်တစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း၊ မီးသတ်ကား မြောက်မြားစွာ လာရောက်ကာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအား ချက်ချင်း မသိရှိရသေးပေ။ သို့သော်လည်း အစောပိုင်း စုံစမ်းစစ်ဆေးမှုများအရ စက်ရုံအတွင်း မီးရှူးမီးပန်းများကို သိုလှောင်ထားသည့်အတွက် ယခုလို ပေါက်ကွဲမှုကြီးမားခဲ့ပြီး အခြေအနေ ဆိုးဝါးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မတော်တဆ ပေါက်ကွဲမှုများသည် အိန္ဒိယနိုင်ငံ၏ မီးရှူးမီးပန်း စက်ရုံများနှင့် အရောင်းဆိုင်များတွင် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.