Connect with us

Asia

အိန္ဒိယနိုင်ငံ၌ ငါးဖမ်းလှေမှောက် ၁ ဦးသေ ၊ ၉ ဦးပျောက်ဆုံး


နယူးဒေလီ ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်(Odisha) ပြည်နယ် ၊ ကန်ဒါပရာခရိုင်(Kendrapara)ရှိ မြစ်တစ်ခုထဲတွင် ဇန်နဝါရီ ၂ ရက်က ငါးဖမ်းလှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁ ဦး ရေနစ်သေဆုံးသွားကြောင်း နှင့် အခြား လူ ၉ ဦးပျောက်ဆုံးလျက် ရှိကြောင်း ဒေသတွင်း ANI သတင်းဌာနက ဖော်ပြခဲ့သည်။

အိုဒီရှာပြည်နယ်ဝန်ကြီးချုပ် နာဗင်းပတ်နိုင်ခါစ်(Naveen Patnaikhas) က ကယ်ဆယ်ရေး နှင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန် အထူးပြန်လည်နေရာချထားရေးအရာရှိများ နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း သတင်းက ဆိုသည်။

အိန္ဒိယနိုင်ငံ၌ ဇန်နဝါရီ ၂ ရက်က ငါးဖမ်းလှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများအားတွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ဇန်နဝါရီ ၂ ရက်က ငါးဖမ်းလှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများအားတွေ့ရစဉ်(ဆင်ဟွာ)

သေဆုံးသူအတွက်၎င်း၏ မိသားစုဝင်ကို နစ်နာကြေး အိန္ဒိယငွေ ၄ဝဝဝဝ ရူပီး( အမေရိကန်ဒေါ်လာ ၅၇၁၄ ) ပေးအပ်သွားမည်ဖြစ်ကြောင်း နှင့် ဒဏ်ရာရသူများကို အခမဲ့ဆေးကုသမှုပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

အချင်းဖြစ်လှေသည် လူပေါင်း ၃ဝ ကျော်ကို တင်ဆောင်လာခဲ့ကြောင်း ဒေသမီဒီယာက ဆိုပြီး အချင်းဖြစ်မှုသည် ဝန်ပို အလွန်အကျွံတင်ဆောင်ရာမှ လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ရခြင်းကြောင်း တာဝန်ရှိသူများက သံသယရှိနေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.