Connect with us

Asia

ဂျပန်နိုင်ငံ Niigata စီရင်စုတွင် အဆောက်အအုံ ၁၀ လုံးကျော် မီးလောင်မှုဖြစ်ပွား၊ လူ ၃ ဦးသေဆုံး

မီးလောင်မှုဖြစ်ပွားသည့် နေအိမ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ - အင်တာနက်)

တိုကျို ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ Niigata စီရင်စု Sadoမြို့ လူနေအဆောက်အအုံတစ်ခုတွင် ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ အနီးရှိ လူနေအိမ်ခြေများနှင့်ဆိုင်ခန်းများအပါအဝင် အဆောက်အအုံ ၁၀ ခု ကျော်ကို မီးကူးဆက်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိပြီဖြစ်ကြောင်း ဂျပန်မီဒီယာများ ၏သတင်းများအရ သိရသည်။

မီးလောင်မှုဖြစ်ပွားချိန်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ကြောင်း ၊ သေဆုံးသူ ၃ ဦးမှာ မီးစတင်လောင်ကျွမ်းခဲ့သည့်အိမ်ရှိ လင်မယားနှစ်ဦးနှင့်သားဖြစ်သူတို့ဖြစ်ကြောင်း ဒေသခံရဲဘက် ဆိုင်ရာက ဆိုသည်။

အချင်းဖြစ်ပွားစဉ် သေဆုံးသူ သားဖြစ်သူက အခြားမိသားစုဝင်များနှင့်အတူဘေးလွတ်ရာသို့ ထွက်ပြေးလွတ်မြောက် သွားပြီဖြစ်သော်လည်း ၊ မိဘကို ကယ်ဆယ်ရန် ပြန်လာရာတွင် ယခုလို သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။

ယခု မီးလောင်မှုတွင် မီးစတင်လောင်ကျွမ်းသည့်နေအိမ်အပါအဝင် အဆောက်အအုံ ၁၅ ခု မီးဒဏ်သင့်ခဲ့ ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ၇ နာရီကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း ဒေသခံမီးသတ်ဌာနက ပြောကြားခဲ့သည်။

လက်ရှိတွင် အချင်းဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ အချင်းဖြစ်ပွားသည့်နေရာမှာ Sadoမြို့Ryotsu ဆိပ်ကမ်းအနီးတွင်ဖြစ်ရာ သစ်သားအဆောက်အအုံ များ စုစည်းနေသည့်နေရာဖြစ်ကြောင်းသိရသည်။ ၎င်းနေရာအနီးတွင် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ကလည်း အဆောက်အအုံ ၁၀ ခုထက်မနည်း မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.