Connect with us

Asia

အိန္ဒိယမြောက်ပိုင်းတွင် ဘတ်စ်ကားချောက်ထဲကျ၍ လူ ၃၅ဦးသေဆုံး

လူ ၃၅ဦး သေဆုံးခဲ့သည့် အိန္ဒိယနိုင်ငံက ဘတ်စ်ကား ချောက်ထဲပြုတ်ကျမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၃၅ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁ ရက်တွင်ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ပြည်နယ်မြို့တော် Dehradun မြို့ မှ ၂၀၀ကီလိုမီတာအကွာ Pauri Garhwal ခရိုင် ရှိ Pipali-Bhoan ကားလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ခရီးသည် ၄၅ဦးတင်ဆောင်လာသော ဘတ်စ်ကားသည် တောင်ပေါ်လမ်းတွင် လမ်းချော်၍ ပေ ၆၀အနက်ရှိသော ချောက်ထဲသို့ ပြုတ်ကျခဲ့ကြောင်း နှင့် လူ ၃၅ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး အခြားလူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူအနက် ၄ဦးမှာ အခြေအနေစိုးရိမ်ရ၍ သေဆုံးသူ အရေအတွက်မြင့်တက်လာနိုင်ကြောင်း ၎င်း ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ကယ်ဆယ်ရေးလုပ်ငန်းများအား ကူညီရန် အခင်းဖြစ်ပွားရာသို့ အမျိုးသားသဘာဝ ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး တပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်ရှိလာကြောင်း ပြည်တွင်းရုပ်သံလိုင်းများက ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ် ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.