Connect with us

Asia

အိန္ဒိယရှိ တူးမြောင်းအတွင်းသို့ မီနီထရပ်ကား တစ်စီး ပြုတ်ကျ၊ လူ ၁၄ ဦးသေ၊ ၂၈ ဦး ဒဏ်ရာရ

တူးမြောင်း တစ်ခုအနီး ရပ်နားထားသည့် ကားများနှင့် လူများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ်တာပရာဒတ်ရှ်ပြည်နယ်ရှိ တူးမြောင်း တစ်ခုအတွင်းသို့ မီနီထရပ်ကား တစ်စီး မေလ ၅ ရက်က ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုမှာ Lucknow မြို့ အနောက်ဘက် ၂၆၅ ကီလိုမီတာအကွာရှိ Etah ခရိုင် Saray Neem နယ်မြေအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မတော်တဆမှုတွင် ပါဝင်သူများမှာ မင်္ဂလာဆောင် အခမ်းအနားမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ မနက် အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မီနီထရပ်ကား တိမ်းမှောက်မှုဟာ ခရီးသည် အပြည့် တင်ဆောင်လာပြီးတော့ ပက်လက်လန် တိမ်းမှောက်သွားပြီး တူးမြောင်းထဲ ထိုးကျသွားခဲ့တယ်” Etah ခရိုင် အကြီးတန်း ရဲအရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မီဒီယာ သတင်းများအရ အခင်း ဖြစ်ပွားမှုအား ဒေသခံများက ရဲတပ်ဖွဲ့ထံ ချက်ချင်း သတင်းပို့ခဲ့သလို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက ချက်ချင်း ရောက်လာခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ဒဏ်ရာရသူ ၂၀ ဦးကို Agra ကောလိပ်ရှိ SN ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း၊ သေဆုံးသူများအား မှုခင်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ရန် ပို့ဆောင်ထားသည်ဟု ဆိုသည်။

မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား သေချာအောင် စိစစ်နေဆဲ ဖြစ်သော်လည်း ကနဦး စစ်ဆေးမှုများအရ ယာဉ်မောင်းနှင်နေစဉ် ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.