Connect with us

Asia

ဖူးခက် ကမ်းခြေများတွင် အသက်ကယ်သမားများ တာဝန်ချိန်ပြည့် မထမ်းဆောင်နိုင်ကြ

ထိုင်းနိုင်ငံ၏ ဖူးခက်ပြည်နယ်ရှိ ကမ်းခြေအလှအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက် ကမ်းခြေများတွင် ဘတ်ဂျက် အကန့်အသတ်များကြောင့် မည်သည့် အသက်ကယ် လုံခြုံရေးသမားကမျှ ကြာရှည်စွာ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည်။

ကပ္ပလီပင်လယ်အတွင်း ထိုင်းနိုင်ငံ၏ ကမ္ဘာ့အကျော်ကြားဆုံး ခရီးသွားဧည့်သည် အပန်းဖြေအိမ်ရာ တစ်ခုဖြစ်သော ဖူးခက် ပြည်နယ်ကောင်စီက ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တလျှောက် ကမ်းခြေ လုံခြုံရေးအတွက် ငှားရမ်းထားသော အသက်ကယ်သမားဝန်ထမ်း အရေအတွက် ၁၀၀ နီးပါး၏ လုပ်ခများအား ရန်ပုံငွေ ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယင်းဖြစ်ရပ်အား သိရှိသူ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အသက်ကယ် လုံခြုံရေးလုပ်ငန်းအတွက် ဘတ် ၂.၄ သန်း (အမေရိကန် ဒေါ်လာ ၇၀,၅၀၀ ခန့်) ထပ်တိုးမြှင့်ပေးရန် တောင်းဆိုထားခဲ့သော်လည်း ပြည်နယ်ကောင်စီက နှစ်စဉ် ရန်ပုံငွေ ဘတ် ၁၉.၈ သန်း (အမေရိကန်ဒေါ်လာ ၅၈၂,၃၀၀ ခန့်) သာ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လာမည့်လ အစောပိုင်း၌ ဖူးခက်ဝန်းကျင်ရှိ ကမ်းခြေများတွင် အသက်ကယ် လုံခြုံရေးများမရှိကြောင်း သတိပေး သည့် အနေဖြင့် “သတိ၊ အသက်ကယ် လုံခြုံရေးမရှိ၊ မိမိကိုယ်သာ အားကိုးပါ” ဟူသော သတိပေး ဆိုင်းဘုတ်များ စိုက်ထူသွားမည်ဟု ဆိုသည်။

ထို့အပြင် ပင်လယ်အတွင်း ရေကူးမည့်သူများအတွက် ဒီရေအတက်အကျနှင့် မိုးသက်မုန်တိုင်း သတိထားရန်အတွက် အလံနီများ ဖြင့် လုံခြုံရေး သတိပေးထားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာက ဖူးခက် ကမ်းခြေများတွင် အသက်ကယ် လုံခြုံရေးဝန်ထမ်းများက ရေနစ်နေသည့် ရေကူးသူ ၃၀၀ ဦးအား ကူညီ ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ကယ်ဆယ်ခဲ့ရသူ အများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.