Connect with us

Asia

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်းခံခဲ့ရသည့် ဖီဂျီနိုင်ငံအား အိန္ဒိယမှ ထောက်ပံ့ရေးပစ္စည်းများပေးအပ်

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်းခံခဲ့ရသည့် ဖီဂျီနိုင်ငံအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် လေကြောင်းမှ တစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်း ခံခဲ့ရသည့် ဖီဂျီနိုင်ငံအား အနည်းဆုံး တန်၄၀ ရှိသည့် အစားအစာ၊ ဆေးဝါး နှင့် ရွက်ဖျင်တဲများကို ပေးပို့ပေးခဲ့ကြောင်း Trust of India သတင်းဌာနက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ဖော်ပြခဲ့သည်။

C17 သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ဒေလီ နှင့် တောင်ပိုင်းမြို့ဖြစ်သည့် Chennai မှ ထောက်ပံ့ရေး ပစ္စည်းများအား အိန္ဒိယလူမျိုးအများစု ရှိသည့် တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော ဖီဂျီနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်း၌ဖော်ပြထားသည်။

ဖီဂျီနိုင်ငံတွင် လွန်ခဲ့သည့် တစ်ပတ် ကတိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၄၀ ကျော်သေဆုံးပြီး နိုင်ငံတကာ အထောက်အပံ့များကို တောင်းဆိုထားကြောင်း သိရသည်။

အစောပိုင်း၌ အိန္ဒိယနိုင်ငံ မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဖီဂျီနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းသွားရန် ကြေညာခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi)သည် တောင်ပစိဖိတ်ဒေသနှင့် စီးပွားရေးပူးပေါင်း လုပ်ဆောင်ရန် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါကျွန်းသို့ ၂၀၁၅ခုနှစ်က အလည်အပတ် သွားရောက် ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.