Connect with us

Asia

အိန္ဒိယ ထိန်းချုပ် နယ်မြေ ကက်ရှ်မီးယားတွင် ပြင်းအား ၅.၀ ရှိ ငလျင်လှုပ်

ငလျင် ကြိမ်နှုန်း တိုင်းတာနေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယ ထိန်းချုပ်နယ်မြေဖြစ်သော ကက်ရှ်မီးယားဒေသတွင် သြဂုတ်လ ၂၄ ရက်က အင်အား အသင့်အတင့် ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်ကြောင့် လူသေဆုံးခြင်း သို့မဟုတ် အဆောက်အဦများ ပျက်စီးခြင်း မရှိသေးကြောင်း သဘာဝဘေး စီမံခန့်ခွဲမှု အဆင့်မြင့် အရာရှိ တစ်ဦးက ဆိုသည်။

“မြောက်ပိုင်းဒေသမှာ ဒီနေ့မနက်ပိုင်းက ပြင်းအား ၅.၀ ရှိတဲ့ ငလျင် တစ်ခု လှုပ်ခဲ့တယ်။ မြောက်လတ္တီတွဒ် ၃၆.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၇၄.၃ ဒီဂရီအကြား၊ ဂျမ်မူးနဲ့ ကက်ရှ်မီးယားကြားကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ကက်ရှ်မီးယား ဒေသသည် မြေငလျင်ဇုန်အတွင်း ကျရောက်နေသည့်အတွက် ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့ ထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသတွင် ၂၀၀၅ ခုနှစ် အောက်တိုဘာလက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် လူပေါင်း ၈၀၀၀၀ ဦးနီးပါး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.