Connect with us

Asia

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် ကျောက်ခဲပေါက်ပွဲတော် ကြောင့် လူ ၄၅၀ကျော် ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် ကျင်းပသည့် ကျောက်ခဲပေါက်ပွဲတော် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် တွင် သြဂုတ် ၂၂ ရက်က ကျင်းပခဲ့သော ရိုးရာကျောက်ခဲပေါက်ပွဲတော်အတွင်း လူ ၄၅၀ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် အချို့မှာ အခြေအနေပြင်းထန်ကြောင်း သိရသည်။

ယင်းပွဲတော်အား ဒေသအခေါ်အဝေါ်အရ ဂေါ့မာဟု ခေါ်ဆိုပြီး နှစ်စဉ်ကျင်းပသည့် ဓလေ့ရိုးရာတစ်ခုဖြစ်ကြောင်း သိရသည်။

ပွဲတော်အတွင်း ရမ်းကားလာသည့် လူများအား ဖမ်းဆီးရန်အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်သွင်းခဲ့ပြီး ရဲတပ်ဖွဲ့ နှင့် လူနာတင်ကားများလည်း ခဲများဖြင့် ပစ်ပေါက်ခြင်းခံရကြောင်း သိရသည်။

ပွဲတော်အတွင်း ခရိုင် ၏ Sawargaon နှင့် Pandhurna ဧရိယာ မှ လူများသည် Jaam မြစ်တစ်ဖက်တစ်ခြမ်းစီ စုဝေးကာ တစ်ဖက် နှင့် တစ်ဖက် ကျောက်ခဲများ နှင့် ပစ်ပေါက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ပွဲတော်၏ အဓိကအပိုင်းအဖြစ် နှစ်ဘက်အုပ်စုလူများသည် မြစ်လယ်ရှိ သစ်ပင်ပေါ်တွင် လွှင့်ထူထားသော အလံအား ရရှိရန် ပြိုင်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.