Connect with us

Asia

ဆမ်ဆောင်း အမွေဆက်ခံသူအား အကျင့်ပျက်ခြစားမှုအတွက် ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရ

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်က ဆိုးလ်မြို့ တရားရုံးသို့ လာရောက်သည့် ဆမ်ဆောင်း ဒုတိယ ဥက္ကဋ္ဌ လီဂျေးယွန် (လယ်) အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး မိသားစုပိုင် စီးပွားရေးလုပ်ငန်းကြီးဖြစ်သော ဆမ်ဆောင်းအုပ်စု၏ အမွေဆက်ခံသူ ဆမ်ဆောင်း အီလက်ထရွန်းနစ် ဒုတိယ ဥက္ကဋ္ဌ လီဂျေးယွန် (Lee Jae-yong) အား တောင်ကိုရီးယား တရားရုံး တစ်ရုံးက သြဂုတ်လ ၂၅ ရက်တွင် ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။

လီသည် လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားမှု၊ ပြစ်မှုအား ဖုံးကွယ်မှု၊ ပြည်ပသို့ ပိုင်ဆိုင်မှု တရားမဝင် လွှဲပြောင်းမှုနှင့် တရားရုံးတွင် မမှန်မကန် ထွက်ဆိုမှု စသည့် ပြစ်မှု ငါးမှုအား ကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိခဲ့ရသည်။

ထို့ပြင် ဂျူရီအဖွဲ့၏ အဆုံးအဖြတ်အား ဖတ်ကြားပြီးနောက် ဆမ်ဆောင်း အမှုဆောင်အရာရှိဟောင်း နှစ်ဦး ထောင်ဒဏ် လေးနှစ် ချမှတ်ခံရပြီး တရားခွင်အတွင်းမှာပင် ချက်ချင်း ဖမ်းဆီးခံလိုက်ရကြောင်း၊ အခြား အမှုဆောင်အရာရှိဟောင်း နှစ်ဦးလည်း သုံးနှစ်နှင့် နှစ်နှစ်ခွဲ ဆိုင်းငံ့ပြစ်ဒဏ်များ အသီးသီး ချမှတ်ခြင်း ခံရကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရသော တောင်ကိုရီးယား သမ္မတဟောင်း ပက်ဂွမ်ဟေးနှင့် ကာလရှည် ယုံကြည်ချစ်ခင်ခဲ့သည့် သူငယ်ချင်း Choi Soon-Sil ကို လာဘ်ပေးခဲ့မှုနှင့် ၂၀၁၅ ခုနှစ်တွင် ဆမ်ဆောင်း ကုမ္ပဏီအဖွဲ့ခွဲ နှစ်ခုထံမှ Choi ၏ သမီး အတွက် အမျိုးသား ရန်ပုံငွေမှ ထောက်ပံ့မှု ရရှိရန် ဆောင်ရွက်ခဲ့ခြင်းအတွက် ဆမ်ဆောင်း၏ လက်ရှိ အကြီးအကဲ လီအား သံသယရှိခြင်းခံထားရသည်။

လီသည် လွန်ခဲ့သော သုံးနှစ်က ၎င်း၏ ဖခင် ဆမ်ဆောင်း ဥက္ကဋ္ဌ နှလုံးရောဂါ ခံစားခဲ့ရပြီးကတည်းက အဆိုပါ လုပ်ငန်းအား တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုသည် နိုင်ငံရေးနှင့် စီးပွားရေး အားပြိုင်အကြား အကျင့်ပျက် ချိတ်ဆက်မှု တစ်ခုဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.