Connect with us

Asia

အိန္ဒိယ မြောက်ပိုင်းတွင် ကျူးကျော်အိမ်များ ဖယ်ရှားရာ၌ ရဲနှင့် ကျူးကျော်များ ခိုက်ရန်ဖြစ်ပွား၍ လူ ၂၀ သေဆုံး

အိန္ဒိယရှိ တရားမဝင် ကျူးကျော်အိမ် တစ်အိမ် အား ဖျက်ဆီးဖယ်ရှားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် ဇွန်လ ၂ ရက် က ရဲတပ်ဖွဲ့နှင့် ကျူးကျော် နေထိုင်သူများ အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူအယောက် ၂၀ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၃ ရက်တွင် ပြောသည်။

Uttar Pradesh ပြည်နယ် အတွင်းရှိ Mathura မြို့တွင် ရဲတပ်ဖွဲ့ က ကျူးကျော်အိမ် များအား စီမံကိန်းဖြင့် ဖယ်ရှားစဉ် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Uttar Pradesh ပြည်နယ် မြို့တော် Lucknow ရှိ ရဲမှူး Mukul Dwivedi က ပြောကြားခဲ့သည်။
ပဋိပက္ခ ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သည့် လူပေါင်း ၂၅၀ ကို ထိန်းသိမ်းထားပြီး အဆိုပါ ဒေသတွင် ရဲတပ်ဖွဲ့ အင်အား ကို အဆများစွာ တိုးမြှင့် ဖြန့်ကျက်ထားကာ မြို့တွင်းအခြေအနေ တင်းမာ လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.