Connect with us

Asia

“APEC တရုတ် ည” အား ဗီယက်နမ်တွင် ကျင်းပ

၂၀၁၇ ခုနှစ် APEC စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး လိုဂိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါနန်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကဏ္ဍမှ ပုဂ္ဂိုလ် ၁၅၀ ကျော်သည် “APEC တရုတ် ည” အတွက် နိုဝင်ဘာလ ၇ ရက်တွင် ဆုံစည်းကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း စီးပွားရေးကိစ္စများ ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၁၁ ရက်အထိ ပြုလုပ်သော APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးနှင့် အခြား ဆက်စပ် အစည်းအဝေးများအနက် တစ်ခု အပါအဝင်ဖြစ်ပြီး တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ (CCPIT) ၊ တရုတ် နိုင်ငံတကာ စီးပွားရေး ကုန်သည်ကြီးများအသင်းနှင့် APEC တရုတ် စီးပွားရေးကောင်စီတို့က ပူးတွဲ ကျင်းပခြင်း ဖြစ်သည်။

ယင်း အခမ်းအနား၌ တရုတ် ဒုတိယ ကုန်သွယ်ရေးဝန်ကြီး Wang Shouwen က ပြောကြားခဲ့သည်မှာ အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာ့ GDP ၏ ၆၀ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ ကုန်သွယ်ရေး၏ ထက်ဝက်နီးပါးရှိကြောင်း မှတ်ချက်ကာ APEC သည် ကမ္ဘာ့ စီးပွားရေး ခိုင်မာပြီး ရေရှည်တည်တံ့သော တိုးတက်မှုရှိလာရန်အတွက် တာဝန်ယူ စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ယခုနှစ် APEC အစည်းအဝေးအား မှတ်ချက်ပြု ပြောကြားရာတွင် Wang က တရုတ်အနေဖြင့် နယ်စပ် E-commerce ၊ စက်မှုလုပ်ငန်းများ ထောက်ပံ့ခြင်း၊ အင်တာနက်နှင့် ဒီဂျစ်တယ်စီးပွားရေး စသည်တို့တွင် ခိုင်မာသော ရလဒ်များ ရရှိရန် အိမ်ရှင် ဗီယက်နမ်နှင့်အတူ နီးကပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

CCPIT ဒုတိယ ဥက္ကဋ္ဌ Chen Zhou ကလည်း ယခုနှစ် APEC အစည်းအဝေးများ ပါဝင်တက်ရောက်ရန် တရုတ်နိုင်ငံမှ စီးပွားရေး ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်ရှိကြောင်း၊ ပြုလုပ်ခဲ့ပြီးသော အစည်းအဝေးများအနက် တရုတ်နိုင်ငံမှ ပါဝင်သူ အရေအတွက် အများဆုံးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပါဝင်တက်ရောက်သူများအနေဖြင့် အာရှ-ပစိဖိတ်ဒေသအတွင်း အခြား စီးပွားရေးလုပ်ငန်းများနှင့် ဆက်သွယ်မှု တိုးမြှင့်စေမည့် အခွင့်အလမ်း ဖော်ဆောင်နိုင်ကာ ဒေသတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အထောက်အကူသစ်များ ဖြစ်လာစေမည်ဟု ၎င်းက မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.