Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဆီနာဘန်းမီးတောင် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ် ဆီနာဘန်းမီးတောင်ပေါက်ကွဲမှုတွင် မှုတ်ထုတ်လိုက်သည့် မီးခိုးလိပ်များအား မတ်၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ မတ် ၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယင်းမှ မှုတ်ထုတ်လိုက်သည့် ပြာမှုန့်များသည် (၅,၀၀၀)မီတာ အမြင့်ထိရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဆီနာဘန်းမီးတောင်သည် ဒေသစံတော်ချိန် ၇ နာရီမှ ၈ နာရီအထိ အကြီးအကျယ် ပေါက်ကွဲမှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ အနီးတစ်ဝိုက် မြို့နယ်(၃)ခု၊ ကျေးရွာ(၄၀)ရှိ ပြည်သူများ၏ နေထိုင်မှုနှင့် လယ်ယာထုတ်ကုန်လုပ်ငန်းများကို သက်ရောက်မှုရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဌာန ပြောရေးဆိုခွင့်ရှိသူ Raditya Jat၏ ယင်းနေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ် ဆီနာဘန်းမီးတောင်ပေါက်ကွဲမှုတွင် မှုတ်ထုတ်လိုက်သည့် မီးခိုးလိပ်များအား မတ်၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သဘာဝဘေးအန္တရာယ် တိုက်ဖျက်ရေးဌာနက ဒေသခံ စစ်တပ်၊ရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ ပူးတွဲ၍ ကူညီကယ်ဆယ်ရေးအဖွဲ့ဖွဲ့ထားပြီး ဘေးဒဏ်သင့်နေရာများ ကင်းလှည့်လျက်ရှိရာ ကပ်ဘေးကူညီရေး အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ် ဆီနာဘန်းမီးတောင်ပေါက်ကွဲမှုတွင် မှုတ်ထုတ်လိုက်သည့် မီးခိုးလိပ်များအား မတ်၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ မီးတောင်ပေါက်ကွဲမှုသတိပေးချက်ကို ဒုတိယအမြင့်ဆုံးအဆင့်အဖြစ် အဆင့်(၃) သတ်မှတ်ထားကြောင်း၊ မီးတောင်ဝပတ်လည် (၃)ကီလိုမီတာမှ (၅)ကီလိုမီတာ ဝန်းကျင်နေထိုင်သူများကို ရှင်းလင်းရမည်ဖြစ်ကြောင်း Raditya Jat က ဆိုသည်။ ယခုမီးတောင်၏အခြေအနေသည် မတည်ငြိမ်သည့်ကာလဖြစ်ခြင်းကြောင့် နောက်ထပ်တစ်ကြိမ် ထပ်မံ ပေါက်ကွဲနိုင်ကြောင်း ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ် ဆီနာဘန်းမီးတောင်ပေါက်ကွဲမှုတွင် မှုတ်ထုတ်လိုက်သည့်ပြာမှုန့်များဖုံးလွှမ်းနေသောလမ်းအား မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ် ဆီနာဘန်းမီးတောင်ပေါက်ကွဲမှုတွင် မှုတ်ထုတ်လိုက်သည့်ပြာမှုန့်များဖုံးလွှမ်းနေသောလမ်းအား မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

ဆီနာဘန်းမီးတောင်သည် မြောက်ဆူမားတြားပြည်နယ် ကာရိုခရိုင်တွင်တည်ရှိပြီး နှစ်ပေါင်း(၄၀၀) နီးပါး တည်ငြိမ်မှုရှိနေရာမှ ၂၀၁၀ ခုနှစ်တွင် ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ(၁၆) ဦးသေဆုံးခဲ့ပြီး လူပေါင်း(၁,၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစ၍ ယင်းမီးတောင်သည် သတိပေးအဆင့် (၃)တွင် ရှိနေခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဩဂုတ် ၁၀ ရက်တွင် ဆီနာဘန်းမီးတောင် ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လည်း လူသေဆုံး ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာတွင် မီးတောင်အများဆုံး နိုင်ငံများအနက်တစ်နိုင်ငံဖြစ်ပြီး လက်ရှိ နိုင်ငံအတွင်း လှုပ်ရှားမှုရှိသည့် မီးတောင်ပေါင်း (၁၂၉)ခု ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)印尼锡纳朋火山剧烈喷发

新华社雅加达3月2日电印度尼西亚国家抗灾署2日说,北苏门答腊省锡纳朋火山当天上午剧烈喷发,喷出的火山灰高达5000米。目前尚无人员伤亡和财产损失报告。

印尼国家抗灾署发言人拉迪提亚•贾迪当天发表声明说,锡纳朋火山当地时间7时至8时发生三次大规模喷发,周围3个乡镇40个村的居民生活和农业生产活动受到影响。

  印尼国家抗灾署已联合当地军警、志愿者等组成救援队,在灾区巡逻,运送抗灾物资,向居民发放防护口罩。
拉迪提亚说,目前这座火山的警戒级别为第三级,仅次于最高级别,火山口周围3至5公里范围为撤离区,当地居民须远离这一地区。他说,这座火山处于不稳定期,仍可能再次喷发。

 锡纳朋火山位于印尼北苏门答腊省卡罗县,在沉寂近400年后于2010年首度喷发。2014年2月的喷发造成16人死亡,上千人流离失所。2019年5月以来,该火山一直处于三级警戒级别。2020年8月10日,锡纳朋火山曾发生过剧烈喷发,未造成人员伤亡。
  印尼是世界上火山最多的国家之一,境内现有129座活火山。(完)
(210302) — NORTH SUMATRA, March 2, 2021 (Xinhua) — People watch volcanic materials being spewed from Mount Sinabung in Karo, North Sumatra, Indonesia, on March 2, 2021.

(210302) — NORTH SUMATRA, March 2, 2021 (Xinhua) — Photo taken on March 2, 2021 shows people riding their motorbike on a road covered with ash spewed by Mount Sinabung in Karo, North Sumatra, Indonesia.