Connect with us

Asia

မော်လ်ဒိုက် နိုင်ငံ၌ ရက် ၃၀ ကြာ အရေးပေါ် အခြေအနေ ကြေညာ

မော်လ်ဒိုက် နိုင်ငံ သမ္မတ အဗ္ဗဒူလာ ရာမင်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်လုံခြုံရေး နှင့် ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက် နိုင်သည့် ဖြစ်ရပ်များ ရှိသောကြောင့် မော်လ်ဒိုက် အစိုးရက နိုဝင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ မှ စ၍ တစ်နိုင်ငံလုံး ရက် ၃၀ ကြာ အရေးပေါ် အခြေအနေ ကြေညာခဲ့ကြောင်း သိရသည်။

ရှေ့နေချုပ် မိုဟာမက် အနေးလ်က သမ္မတ အဗ္ဗဒူလာ ရာမင်း၏ ထို ဆုံးဖြတ်ချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။ သမ္မတသည် မကြာသေးခင်က လက်နက်များနှင့် ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိခဲ့မှု အပေါ် အမျိုးသား လုံခြုံရေး ကောင်စီမှ ထွက်ပေါ်လာသည့် အကြံပြုချက်များကို အခြေခံပြီး အဆိုပါ အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့များက အဆိုပါ အန္တရာယ်ရှိသည့် လက်နက်များ ဖြင့် ကြံစည်မှုကို ဖော်ထုတ် နိုင်ခဲ့ကြောင်း အနေးလ်က ပြောကြားခဲ့သည်။

ယင်း ကြေညာချက်သည် မိုဟာမက် နာရှိဒ် ခေါင်းဆောင်သည့် အဓိက အတိုက်အခံ မော်လ်ဒိုက် ဒီမိုကရက်တစ် ပါတီ မှ စီစဉ်ထားသည့် ဆန္ဒပြပွဲကြီး မပြုလုပ်မီ ၂ ရက်အလိုတွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။အာဏာရ ပါတီက ဒုသမ္မတ အာမက် အဒိဒ် အား ရာဇဝတ်မှုနှင့် စွဲချက်တင်ရန် အောက်တိုဘာလ ၂၈ ရက်နေ့က တင်ပြခဲ့ကြောင်း သိရသည်။ ၎င်းသည် စက်တင်ဘာလ ၂၈ရက်နေ့တွင် သမ္မတ ၏ အမြန် ရေယာဉ်တွင် ဖောက်ခွဲရေး ပစ္စည်းများ ထားရှိမှုနှင့် ဆက်စပ် နေသည်ဟု သံသယ ရှိမှုဖြင့် ထိန်းသိမ်းထားကြောင်းနှင့် သမ္မတအား ဦးတည်၍ ဖောက်ခွဲရန် ကြံစည်ထားသော ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ ဖောက်ခွဲရေး ကိရိယာအား သမ္မတ အိမ်တော်နားတွင် တွေ့ရှိခဲ့ရပြီး စစ်တပ်မှ ဘေးကင်း လုံခြုံအောင် လုပ်ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံရှိ ဆွန်နီ မူဆလင် လူဦးရေ ၃၄၀,၀၀၀ ကျော်၏ သုံးပုံတစ်ပုံ ကျော်သည် မြို့တော် မေးလ်ကျွန်းတွင် နေထိုင်ကြပြီး ယင်းနေရာတွင် ဖောက်ခွဲရေး ကိရိယာအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117