Connect with us

Australia / Oceania

ကျဆုံး စစ်သည် ရုပ်အလောင်းများ သြစတြေးလျနိုင်ငံသို့အောင်မြင်စွာ ပြန်လည် သယ်ဆောင်နိုင်ခဲ့

ဗီယက်နမ် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် ရုပ်အလောင်းများကို သြစတြေးလျ နိုင်ငံသို့ပြန်လည် သယ်ဆောင်လာစဉ် (ဆင်ဟွာ)

ကမ်ဘာရာ ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံရှိ စစ်သင်္ချိုင်းများတွင် မြှုပ်နှံထားသော ကျဆုံးစစ်သည် ရုပ်အလောင်း ၃၃ လောင်းကို မိခင် သြစတြေးလျ နိုင်ငံသို့ ဇွန်လ ၂ ရက်က အောင်မြင်စွာ ပြန်လည် သယ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ Terendak စစ်သင်္ချိုင်းနှင့် စင်ကာပူနိုင်ငံ Kranji စစ်သင်္ချိုင်းများတွင် အသီးသီး မြှုပ်နှံထားသော ရုပ်အလောင်းများ၏ ပြန်တော်ပြန် ခရီးစဉ်ကို ၎င်းတို့၏ မိသားစုဝင်များ ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများက လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ အဆိုပါ ရုပ်အလောင်းများသည် ဗီယက်နမ် စစ်ပွဲအတွင်း ကျဆုံးခဲ့ကြသည့် သြစတြေးလျ စစ်သားများ ဖြစ်သည်။
ကျဆုံးစစ်သည်များ၏ မိသားစုဝင်များသည် ဝန်ကြီးချုပ် Abbott ဦးဆောင်သော အစိုးရအဖွဲ့အား ရုပ်အလောင်းများကို သြစတြေးလျနိုင်ငံသို့ ပြန်လည် သယ်ဆောင်ပေးရန် ၂ဝ၁၅ ခုနှစ်က တောင်းဆို ခဲ့ကြသည်။
အဆိုပါ ရုပ်အလောင်း ကြိုဆိုပွဲ အခမ်းအနားတွင် ပြည်ထောင်စု စစ်မှုထမ်းဟောင်းများရေးရာ ဝန်ကြီး Dan Tehan က သေဆုံးသွားသူများ ဂုဏ်သိက္ခာရှိရှိ နှင့် ဘေးကင်းလုံခြုံစွာ ပြည်တော်ပြန်နိုင်ရန် အခက်အခဲများစွာဖြင့် ရုန်းကန်ခဲ့ရကြောင်း ၊ သို့သော် အမှန်တကယ် လုပ်ဆောင်သင့်သည့် အရေးကိစ္စရပ် တစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ မတူကွဲပြားမှုနဲ့စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နေ့လေး တစ်နေ့ပါပဲ။ ဒီလိုနေ့မျိုး ရောက်လာဖို့ လူတွေက နှစ်ပေါင်း ၅ဝ လောက် စောင့်ဆိုင်းခဲ့ရတယ်။ အဆုံးမှာတော့ သူတို့ဆန္ဒတွေ ပြည့်ဝ ခဲ့ပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.