Connect with us

Australia / Oceania

Vivid ဆစ်ဒနီ ကမ္ဘာ့အကြီးဆုံး မီးရောင်စုံ ဂီတပွဲတော် အသင့်ဖြစ်နေပြီ

Vivid မီးရောင်စုံ ဂီတပွဲတော် ကျင်းပမည့် ဆစ်ဒနီ ပြဇာတ်ရုံအားတွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ မေ ၂၇ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပမည့် ကမ္ဘာ့အကြီးဆုံး မီးရောင်စုံ ဂီတပွဲတော် (Vivid Sydney) ကို မေလ ၂၇ ရက် ( ယနေ့ည ) တွင် ကျင်းပသွားမည် ဖြစ်သည်။ ၂၃ ညကြာ ကျင်းပမည့် မြင်ကွင်းကျယ် မီးရောင်စုံ ပွဲတော်ကြီးကို ဒေသ စံတော်ချိန်ည ၆ နာရီတွင် စတင် ကျင်းပမည် ဖြစ်ပြီး မီးအလှဆင် ပြကွက်ပေါင်း ၉ဝ ကျော်ဖြင့် ပြသသွားမည် ဖြစ်သည်။ ဆစ်ဒနီ မီးရောင်စုံ ဂီတပွဲတော်ကို ၂ဝဝ၉ ခုနှစ်ကတည်းက စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်းနှစ်တွင် မီးအလှဆင်ပြကွက် ၂၅ ခုသာ ပါဝင်ကြောင်း သိရသည်။

Vivid ပွဲတော်သည် သြစတြေးလျနိုင်ငံမှ ကြီးမှူးကျင်းပသည့် အကြီးဆုံး ပွဲတော်တစ်ခု ဖြစ်ကြောင်း နယူးဆောက်ဝေး ပြည်နယ် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနဝန်ကြီး Stuart Ayres က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။

Vivid မီးရောင်စုံ ဂီတပွဲတော် ကျင်းပမည့် ဆစ်ဒနီ ပြဇာတ်ရုံအားတွေ့ရစဉ် (ဆင်ဟွာ)

Vivid မီးရောင်စုံ ဂီတပွဲတော် ကျင်းပမည့် ဆစ်ဒနီ ပြဇာတ်ရုံအားတွေ့ရစဉ် (ဆင်ဟွာ)

Vivid မီးရောင်စုံ ဂီတပွဲတော် ကျင်းပမည့် ဆစ်ဒနီ ပြဇာတ်ရုံအားတွေ့ရစဉ် (ဆင်ဟွာ)
“ ဒီပွဲတော်မှာ မီးအလှဆင် ပြကွက်ပေါင်း ၉ဝ ကျော် ပါဝင်မယ်။ ဂီတပွဲတော်ရဲ့ကြာချိန်က နာရီပေါင်း ၁၅ဝဝ ဖြစ်ပြီး ဖန်တီးတင်ဆက်မှုပေါင်း ၁၇ဝ ကို မြင်တွေ့ကြရမှာပါ” ဟု Ayres ဆိုသည်။“ ဒီနှစ်မှာ ပထမဆုံးအကြိမ် လာတဲ့လူဖြစ်ဖြစ် နှစ်စဉ်နှစ်တိုင်းပုံမှန်လာနေကြလူပဲဖြစ်ဖြစ် ရွှေပွဲလာ ဧည့်ပရိသတ် အားလုံး တကယ် အံ့သြ ပျော်ရွှင်ကြရမှာပါ ” ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် Taronga တိရစ္ဆာန် ဥယျာဉ်နှင့် တော်ဝင်ရုက္ခဗေဒ ဥယျာဉ်၌ မီးဆိုင်း အလှဆင်မှုများကို မြင်တွေ့ ရမှာဖြစ်ပြီး ဆစ်ဒနီပြဇာတ်ရုံ၌ ကျင်းပမည့် ဂီတပွဲတော်တွင် သြစတြေးလျ ဌာနေ တိုင်းရင်းသား မျိုးနွယ်စုများ၏ အနုပညာ တင်ဆက်မှုကိုလည်း ပထမဆုံးအကြိမ် ထည့်သွင်း ဖျော်ဖြေသွားမည် ဖြစ်ကြောင်း Ayres က ဖြည့်စွက် ပြောကြားသည်။
ဆစ်ဒနီမြို့ရှိ Taronga တိရစ္ဆာန် ဥယျာဉ်တွင် ပြုလုပ်မည့် ဖျော်ဖြေရေးတွင် တရုတ်လူမျိုး သုံးဆယ် ပါဝင် ပြုလုပ်မည့် လက်မှုပညာရပ် တင်ဆက်မှုများလည်း မြင်တွေ့ကြရမည်။ တရုတ်နိုင်ငံ Sichuan ပြည်နယ်မှ လက်မှုပညာသည်များသည် ၎င်းပွဲတော်တွင် ဝင်ရောက်ပြသရန် တိရစ္ဆာန် အရုပ်ပေါင်း ၄၃ ခုကို ခက်ခက်ခဲခဲ ဖန်တီးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.