Connect with us

Australia / Oceania

Apple စီအီးအို က app ရေးဆွဲသူ ၉ နှစ် အရွယ် ကလေးမလေးအား ချီးကျူး

app ရေးဆွဲသူ ၉ နှစ် အရွယ် ကျောင်းသူလေး Anvitha Vijay အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့နေ ၉ နှစ်အရွယ် ကျောင်းသူလေး Anvitha Vijay သည် ဆန်ဖရန်စစ္စကို မြို့တွင် ကျင်းပခဲ့သော ကမ္ဘာတစ်ဝန်း ဆော့ဖ်ဝဲလ် ရေးဆွဲသူများ ညီလာခံ (WWCD) ၌ Apple ၏ စီအီးအို ဖြစ်သူ တင်မ်ကွတ်၏ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

Apple၏ WWCD ပွဲသို့် ဖိတ်ကြားခံရသည့် ကျောင်းသား ၃၅၀ အနက် Vijay သည် တင်မ်ကွတ်၏ အသိအမှတ် ပြုခံရပြီး ၎င်းအား ကမ္ဘာပေါ်ရှိ ငယ်ရွယ်ထက်မြက်သည့် ဆော့ဖ်ဝဲလ် ရေးဆွဲသူများအနက် တစ်ဦး ဖြစ်ကြောင်း တင်မ်ကွတ်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
Vijay သည် app ရေးဆွဲခြင်းကို အသက် ၇ နှစ် အရွယ် ကတည်းက စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ပြုလုပ်နိုင်ရန် YouTube ဗီဒီယိုများမှ ဆော့ဖ်ဝဲလ် ကုတ်များအား ကြည်ရှု မှတ်သားခဲ့ရကြောင်း သိရသည်။
WWCD ပွဲသို့် ဖိတ်ကြားခံရသူများ အနက် Vijay သည် အသက် အငယ်ဆုံး ဖြစ်ကာ ၎င်းသည် iPhone နှင့် iPad အတွက် app ၂ ခု ဖန်တီးခဲ့ကြောင်း သိရသည်။
မဲလ်ဘုန်း ကျောင်းသူလေးဖြစ်သည့် Vijay သည် ၎င်း၏ ပထမဆုံး ပညာရေးဆိုင်ရာ app တစ်ခု ဖြစ်သည့် GoalHi’ ဖြင့် OzApp ဆုပေးပွဲ၌ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၇,၀၀၀ ရရှိခဲ့ပြီး ၎င်း၏ ဒုတိယမြောက် app မှာ Smartkins Animals’ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.