Connect with us

Australia / Oceania

ဆစ်ဒနီလေဆိပ်၌ အရုပ်များအတွင်း သယ်ဆောင်လာသော မူးယစ်ဆေးဝါး ၁၃ကီလို ဖမ်းဆီးရမိ

ဆစ်ဒနီလေဆိပ်တွင် အရုပ်များနှင့်အတူ သယ်ဆောင်လာသော မူးယစ်ဆေးဝါး များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီလေဆိပ်၌ ဆန်ဖရန်စစ္စကိုမြို့မှ လိုက်ပါလာသော အမေရိကန်အမျိုးသမီးတစ်ဦး အား ကလေးကစားစရာများအတွက် ဝှက်၍ သယ်ဆောင်လာသော မူးယစ်ဆေးဝါး ၁၃ကီလိုဂရမ် နှင့် အတူ ဖမ်းဆီးရမိပြီးနောက် သြစတြေးလျအာဏာပိုင်များက ရာဇဝတ်မှုတစ်ချို့ဖြစ်ပေါ်လာနိုင်ကြောင်း အများပြည်သူထံ နိုဝင်ဘာ ၂၇ ရက်က သတိပေးပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံ နယ်စပ်တပ်ဖွဲ့ (ABF) တပ်ဖွဲ့ဝင်များသည် အဆိုပါ အမျိုးသမီးလေယာဉ်ပေါ်မှ ဆင်းသက်လာပြီးနောက် ၎င်း၏ လက်ကိုင်အိတ်အား စစ်ဆေးရန် ရပ်တန့်စေခဲ့ပြီး အရုပ်များထည့်လာသည့် သေတ္တာ ၄ခုအတွင်း သိုဝှက်၍ထည့်လာသော သံသယဖြစ်ဖွယ် အထုပ် ၂၅ထုပ်ကို စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများဖြစ်နေကြောင်း သိရှိခဲ့သည်။

ယင်းမူးယစ်ဆေးဝါးများ ၏ အလေးချိန် နှင့် ပါဝင်မှု အတိအကျကို အာဏာပိုင်များက စစ်ဆေးနေဆဲဖြစ်ပြီး အသက် ၃၇နှစ်အရွယ် အမျိုးသမီးအား နယ်စပ်တွင် ထိန်းချုပ်ထားသည့် ဆေးဝါးများ အား စီးပွားရေးအရ တင်သွင်းမှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

၎င်းအနေဖြင့် ပြစ်မှုထင်ရှားပါက အများဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

New South Wales ပြည်နယ် ABF ဒေသတွင်းတပ်မှူး Danielle Yannopoulos က ရာဇဝတ်သားများအနေဖြင့် နည်းလမ်းပေါင်းစုံသုံး၍ မူးယစ်ဆေးဝါးများကို ခက်ခဲစွာ ဝှက်ယူသယ်ဆောင်လာသော်လည်း ၎င်းတို့အား ရှာဖွေတွေ့ရှိရန် အရာရှိများတွင် ကျွမ်းကျင်မှုများ၊ လေ့ကျင့်မှုများ နှင့် နည်းပညာများရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.