Connect with us

Australia / Oceania

တောင်ပစိဖိတ် သမုဒ္ဒရာ ရှိ နယူးကယ်လီဒိုးနီးယား တွင် ပြင်းအား ၇.၅ အဆင့်ရှိ ငလျင် လှုပ်ခတ်

ပြင်းအား ၇.၅ အဆင့်ရှိသည့် နယူးကယ်လီဒိုးနီးယား ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆစ်ဒနီ ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာန က တောင်ပစိဖိတ် သမုဒ္ဒရာ ရှိ နယူးကယ်လီဒိုးနီးယား အနီး ပင်လယ်ပြင် ၌ ဒီဇင်ဘာ ၅ ရက် တွင် ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့ပြီး ဆူနာမီ သတိပေးချက် ထွက်ပေါ်လာခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

ငလျင် သည် ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁၂ နာရီ ၁၈ မိနစ် တွင် လှုပ်ခတ် ခဲ့ခြင်း ဖြစ်ပြီး ငလျင် က နယူးကယ်လီဒိုးနီးယား နိုင်ငံ အရှေ့တောင်ဘက် ၁၆၈ ကီလိုမီတာ ကွာဝေး သည့် ပင်လယ်ပြင်တွင် တွင် မြေအောက် အနက် ၁၀ ကီလိုမီတာ သို့ ဗဟိုပြုလှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ငလျင်လှုပ်ခတ် ခဲ့ပြီး ပစိဖိတ် သမုဒ္ဒရာ ဆူနာမီ သတိပေး စင်တာ က ဆူနာမီ သတိပေးကြေညာချက် ထုတ်ပြန် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

နယူးကယ်လီဒိုးနီးယား က ပြင်သစ် နိုင်ငံ ၏ ပင်လယ်ရပ်ခြားရှိ ပိုင်နက်နယ်မြေတစ်ခု ဖြစ်ပြီး တောင်ပစိဖိတ် သမုဒ္ဒရာ တွင် တည်ရှိကာ ကျွန်းများဖြင့် ဖွဲ့စည်းထားပြီး လူနေထိုင်မှု နည်းပါးသော ဒေသ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.