Connect with us

Australia / Oceania

ဆူရာနမ်သို့ ပို့ဆောင်မည့် ဆေးခြောက် ၆၀၅ ပေါင် ဂျမေကာတွင် ဖမ်းမိ

ဖမ်းဆီးမိထားသော ဆေးခြောက်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကင်းစတန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ဂျမေကာကျွန်း နိုင်ငံ၏ မြို့တော် ကင်းစတန်ရှိ ကွန်တိန်နာ ဆိပ်ကမ်း၌ တောင်အမေရိကတိုက်ရှိ ဆူရာနမ်မြို့သို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေသည့် ကွန်တိန်နာ တစ်စီးအား စစ်ဆေးရာတွင် ဆေးခြောက် ၆၀၅ ပေါင် (၂၇၄.၄ ကီလိုဂရမ်ခန့်) အား ဂျမေကာ အကောက်ခွန် လုပ်ငန်းက ဖမ်းဆီးမိခဲ့သည်။

ယခု ဖမ်းဆီးမိခဲ့သော ဆေးခြောက်များမှာ ကာလ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၁,၀၀၀ ခန့်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ထိန်းချုပ်ရေး ဘုတ်အဖွဲ့တွင် ဂျမေကာနိုင်ငံသည် အမေရိကတိုက် အလယ်ပိုင်းနှင့် ကာရေဘီယံ ကျွန်းနိုင်ငံများအတွင်း ဆေးခြောက်ပင် ထုတ်လုပ်သူနှင့် တင်ပို့သူ အများဆုံး စာရင်းဝင် ဖြစ်ခဲ့သည်။
ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့၏ ၂၀၁၄ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ လက်တင်အမေရိကတွင် ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါးနှင့် ဆက်စက်လျက်ရှိသော မှုခင်းများ ဆန့်ကျင်ရေး တန်ပြန်ထောက်လှမ်းမှုအရ ဂျမေကာသည် မူးယစ်ဆေးဝါး ကုန်သွယ်ရေးတွင် အချက်အခြာကျသော နေရာသစ်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.