Connect with us

Australia / Oceania

ပြင်သစ် စစ်သင်္ဘော ကျူးဘားသို့ လာရောက်လည်ပတ်

ပြင်သစ် စစ်သင်္ဘော F-735 အားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟာဗားနား၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ရေတပ်၏ ဖရီးဂိတ် စစ်သင်္ဘော “Germinal” သည် လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ကျူးဘားနိုင်ငံ ဟာဗားနား ဆိပ်ကမ်းသို့ ဇွန် ၁၂ ရက်က ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

သင်္ဘောသား ၁၀၀ ဝန်းကျင်ပါဝင်သည့် ပြင်သစ် F-735 အမျိုးအစား ကင်းလှည့်သင်္ဘောအား ကျူးဘား ရေတပ်၏ ဒုတိယ တပ်မှူး လူးဝစ် ဆိုတို ဂါလင်ဒို နှင့် ပြင်သစ် သံအမတ် ဂျိန်း မာရီး ဘရူနိုတို့က လာရောက် ကြိုဆိုခဲ့သည်။
“Germinal” ၏ တပ်မှူး မိုက်ကယ် ဗက်ဆဲလေယားက ယခုလို လာရောက်ခြင်းသည် ၂၀၁၂ ခုနှစ်ကတည်းက စပြီး တတိယအကြိမ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်လိုခြင်းနှင့် ကျူးဘား ယဉ်ကျေးမှု အကြောင်း အား လေ့လာရာ၌ အထောက်အပံံ့ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
သင်္ဘောအရှည် ၉၃ မီတာနှင့် အလေးချိန် တန် ၃၀၀၀ ရှိသော ယင်း သင်္ဘောအား ပြင်သစ်နိုင်ငံ Martinque ရှိ Fort-de-France ဆိပ်ကမ်း၌ အခြေစိုက်ထားရှိကြောင်း သိရသည်။
၎င်း သင်္ဘော၌ ၁၀၀ မမ အမြောက် တစ်လက်၊ သင်္ဘောဖျက်ဒုံး နှစ်စင်း၊ တည်နေရာမှတ်သားပစ်ခတ်နိုင်သည့် ဒုံးကျည်စနစ်၊ ၂၀ မမ အမြောက် နှစ်လက်နှင့် အီလက်ထနောနစ် စနစ်ဖြင့် ထောက်လှမ်းခြင်းနှင့် တန်ပြန် ဆောင်ရွက်နိုင်သည့် စနစ်များ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.