Connect with us

Australia / Oceania

သြစတြေးလျ နိုင်ငံ တွင် ပျက်ကျ ခဲ့သည့် အမေရိကန် နိုင်ငံ ရဟတ်ယာဉ် အစိတ်အပိုင်း များ ပြန်လည် တွေ့ရှိ

အမေရိကန် နိုင်ငံ Bell Boeing V-22 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သြစတြေးလျ နှင့် အမေရိကန် နှစ်နိုင်ငံ စစ်ဘက် ဆိုင်ရာ တို့မှ သြဂုတ်လ ၅ ရက်နေ့၌ ပျက်ကျ ခဲ့သည့် အမေရိကန် နိုင်ငံ Bell Boeing V-22 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၏ အစိတ်အပိုင်း များကို ပြန်လည် ရှာဖွေ့တွေ့ရှိခဲ့ပြီး ပျောက်ဆုံး နေသော အမေရိကန် နိုင်ငံ တပ်ဖွဲ့ဝင် ၃ ဦး မှာ သေဆုံးခဲ့ပြီး ဖြစ်ကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်များအရ ပျက်ကျခဲ့သည့် Bell Boeing V-22 ၏ အစိတ်အပိုင်း များကို Queensland ပြည်နယ် အလယ်ပိုင်း အရှေ့ဘက်ခြမ်း ပင်လယ်ပြင် တွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံး ခဲ့သည့် အမေရိကန် နိုင်ငံ တပ်ဖွဲ့ဝင် ၃ ဦး ရုပ်အလောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိခဲ့ရသည်။

သြစတြေးလျ နိုင်ငံ ကာကွယ်ရေးဝန်ကြီး က သြဂုတ်လ ၇ ရက်နေ့၌ ပျက်ကျခဲ့သည့် အမေရိကန် နိုင်ငံ ရဟတ်ယာဉ် ၏ တည်နေရာ ကို အတည်ပြုနိုင်ခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့တွင် အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် အတူ ဆယ်ယူခြင်း လုပ်ငန်းများ ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အခင်းဖြစ်ပွား ခဲ့သည့် ရဟတ်ယာဉ် ပေါ်တွင် လူပေါင်း ၂၆ ဦး လိုက်ပါသွားခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်း အချိန်တွင် Queensland ပြည်နယ် အနီးတစ်ဝိုက်တွင် ပျက်ကျသွားခဲ့သည်။ အခင်းဖြစ်ပွား ပြီးနောက်တွင် လူပေါင်း ၂၃ ဦး ကို ကယ်ဆယ်ပေးနိုင်ခဲ့ပြီး ၃ ဦးမှာ ပျေက်ဆုံးခဲ့သည်။ အမေရိကန် နိုင်ငံ Navy SEALs တပ်ဖွဲ့ က သြဂုတ်လ ၆ ရက်နေ့၌ ကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်ဆိုင်း လိုက်ပြီး ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.