Connect with us

Australia / Oceania

မဲလ်ဘုန်းမြို့က ကမ္ဘာပေါ်တွင် နေချင့်စဖွယ် အကောင်းဆုံးမြို့ဖြစ်ကြောင်း စစ်တမ်းတစ်ခုကဆို

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်တွင် မိခင်နိုင်ငံ ပြင်ပ၌ နေထိုင်ကြသော နိုင်ငံတကာမှ ပြည်သူများက မဲလ်ဘုန်းမြို့မှာ ကမ္ဘာပေါ်၌ နေချင့်စဖွယ် အကောင်းဆုံးမြို့ဖြစ်ကြောင်း ပြောကြားကြသည်ဟု နိုင်ငံတကာ လေ့လာမှု စစ်တမ်း တစ်ခုအရ သိရသည်။

နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည့် ကမ္ဘာလုံးဆိုင်ရာနှင့် သတင်းအချက်အလက် ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သည့် InterNationas က ကမ္ဘာပေါ်ရှိ မြို့များရှိ နေရင်းနိုင်ငံ စွန့်ခွာကာ အခြားနိုင်ငံတစ်ခု၌ နေထိုင်သူပေါင်း ၁၄,၀၀၀ ဦးအား ၎င်းတို့၏ အိုးအိမ်နေထိုင်ရေး၊ အခြေချ နေထိုင်ရန် လွယ်ကူမှုနှင့် နေထိုင်မှု ကုန်ကျစရိတ်နှင့် ရာသီဥတု စသည်တို့ ပါဝင်သည့် မေးခွန်းများ မေးမြန်းခဲ့ကာ စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မဲလ်ဘုန်းမြို့သည် စစ်တမ်းကောက်ယူခဲ့သည့် ၈၅ မြို့အနက် အလုပ်တစ်ဖက်နှင့် နေထိုင်ခြင်း၊ အားလပ်ချိန် လှုပ်ရှားမှုများ၊ နှစ်လိုဖွယ်ကောင်းသည့် ဒေသခံများနှင့် ရာသီဥတုရှိခြင်း စသဖြင့် အမှတ် အမြင့်ဆုံး ရရှိခဲ့သည်။

အခြား သြစတြေးလျမြို့ကြီး တစ်ခု ဖြစ်သည့် ဆစ်ဒနီသည် နံပါတ် ၈ နေရာတွင် ရှိနေသည်။

ဟို့စ်တန်သည် ဒုတိယနေရာတွင် ရှိနေပြီး မက်ဒရစ်၊ ဒက်ဆဲလ်ဒေါဖ်၊ စင်ကာပူ၊ ဗီယင်နာ၊ မြူးနစ်၊ မက္ကဆီကို စီးတီးနှင့် တိုရန်တို စသည့်မြို့များက ထိပ်တန်း ၁၀ နေရာ၌ အသီးသီး ရှိနေခဲ့ကြောင်း သိရသည်။

ထို့ပြင် အခြား ခရီးသွားလာရေး ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်သည့် TravelBird တွင်မူ မဲလ်ဘုန်းမြို့အား နွေရာသီတွင် နေချင်စရာ အကောင်းဆုံးမြို့စာရင်း၌ ၂၀ ခုမြောက် အဆင့်သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.