Connect with us

Australia / Oceania

ခရီးသွားဗီဇာကင်းလွတ်မှု သတင်းသည် မှားယွင်းကြောင်း သြစတြေးလျပြောကြား

သြစတြေးလျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်ရေး ဋ္ဌာန ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး မူဝါဒများသည် ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင် ဗီဇာကင်းလွတ်မှု သဘောတူညီချက် စတင်တော့မည်ဟူသော ကောလဟလသတင်းကဲ့သို့ မဟုတ်ဘဲ ယခင်အတိုင်း ပြောင်းလဲမှုမရှိကြောင်း သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဋ္ဌာန က နိုဝင်ဘာ ၉ရက်က ပြောကြားခဲ့သည်။

သတင်းမှားများ၌ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အိုမန်နိုင်ငံ နှင့် ဖီဂျီနိုင်ငံများ အပါအဝင်နိုင်ငံများ သည် သြစတြေးလျနိုင်ငံ နှင့် စာချုုပ်များချုပ်ဆိုပြီး ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင် ခရီးသွားဗီဇာကင်းလွတ်မှု စတင်ခြင်း အပါအဝင် လူဝင်မှုကြီးကြပ်ရေးသဘောတူညီချက်အသစ်များ ပြဋ္ဌာန်းခဲ့ကြောင်းပါရှိသည်။

“ယင်းသတင်းတွေဟာ သတင်းမှားတွေဖြစ်ပြီး သြစတြေးလျဟာ နိုင်ငံတကာအတွက် ခွဲခြားမှု မရှိသည့် ဗီဇာ စနစ်ကို ထိန်းသိမ်းကျင့်သုံးနေပါတယ်” ဟု သြစတြေးလျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်ရေး ဋ္ဌာန က နိုဝင်ဘာ ၉ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ သြစတြေးလျနိုင်ငံ၏ လမ်းစဉ်ချဉ်းကပ်မှုတွင် တစ်စုံတစ်ရာ ပြောင်းလဲမှုမရှိကြောင်း ပါရှိသည်။

သြစတြေးလျနိုင်ငံသို့ ဝင်ရောက်လိုသည့် သြစတြေးလျနိုင်ငံသားမဟုတ်သည့် ခရီးသွားတိုင်းသည့် ၎င်းတို့ နိုင်ငံမှ မထွက်ခွာလာခင် တရားဝင်ဗီဇာလိုအပ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.