Connect with us

Australia / Oceania

အိုင်အက်စ် ဗီဒီယိုတွင် သြစတြေးလျ အထင်ကရ နေရာများအား ပစ်မှတ်ထားကြောင်း ဖော်ပြထား

သြစတြေးလျနိုင်ငံ မဲလ်ဘုန်း လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

လတ်တလော ထုတ်လွှင့်ပြထားသည့် အိုင်အက်စ် ဝါဒဖြန့် ဗီဒီယိုတွင် သြစတြေးလျနိုင်ငံ မြို့တော် မဲလ်ဘုန်း၏ အထင်ကရ နေရာ အတော်များများ ပါဝင်နေကြောင်း သိရသည်။

ယင်း ဗီဒီယို၌ မဲလ်ဘုန်းမြို့ မြင်ကွင်း ရိုက်ကူးထားမှုအား မပြမီ ခေါင်းဖြတ် သတ်ခြင်းများ၊ အလောင်းကောင်များနှင့် အရှေ့အလယ်ပိုင်းရှိ မစ်ဇိုင်း ဒုံးကျည်များ အစရှိသည့် ဓာတ်ပုံများ ပြသခဲ့ကြောင်း၊ ဗလီ တစ်ခု ပေါက်ကွဲပြီးနောက် ခဏအကြာ မဲလ်ဘုန်း လေဆိပ်၊ ကာတာ ခရီးသည်တင် ဂျက်လေယာဉ် တစ်စင်း၊ Flinders လမ်းနေရာနှင့် စိန့် ကာသီဒြယ် စသည့် နေရာများအား ပြသခဲ့ကြောင်း သိရသည်။

အဆိူပါ ဗီဒီယိုသည် မဲလ်ဘုန်းမြို့အား တိုက်ရိုက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မဖြစ်နိုင်သည်ကို နားလည် သဘောပေါက်ကြစေလိုကြောင်း အကြမ်းဖက်မှု နှိမ်နင်းရေး တာဝန်ရှိသူများက ပြောသည်။

သြစတြေးလျနိုင်ငံ တရားရေး ဝန်ကြီးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ ဝန်ကြီးချုပ်အား အကူအညီပေးရသည့် ဝန်ကြီး မိုက်ကယ် ကီးနန်က မဲလ်ဘုန်းမြို့၏ လုံခြုံရေးသည် ကမ္ဘာ့အဆင့်မီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အိုင်အက်စ်က အလားတူ ဗီဒီယိုမျိုးကို ယခင်ကလည်း ထုတ်ပြန်ခဲ့ဖူးကြောင်း ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ အကြမ်းဖက် နှိမ်နင်းရေး ဋ္ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Daekin တက္ကသိုလ်က Islamic နိုင်ငံရေး ကျွမ်းကျင်သူ ဂရတ် ဘာတွန်က အဆိုပါ ဗီဒီယိုသည် ပြည်တွင်း အကြမ်းဖက်မှု လုပ်ဆောင်ရန် တွန်းအားပေးရန် ရည်ရွယ်ကြောင်း ပြောကြားလိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.