Connect with us

Europe

ဆီတင်သင်္ဘောတိုက်ခိုက်ခံရမှုအပေါ် အီရန်အား ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်အရေးယူမှုပြုလုပ်ရန် အစ္စရေး တိုက်တွန်း

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အနီးရှိ ဘန်ဂူးရီးယန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၁ ခုနှစ် ဇွန် ၂၂ ရက်က မိန့်ခွန်းပြောကြားနေသော အစ္စရေးနိုင်ငံဝန်ကြီးချုပ် နဖ့်တာလီဘန်းနတ် အားတွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

ပြီးခဲ့သော ရက်သတ္တပတ်တွင် ပင်လယ်ကွေ့၌ အစ္စရေးက-စီမံအုပ်ချုပ်သော လောင်စာဆီတင်သင်္ဘောတစ်စင်းတိုက်ခိုက်ခံရမှုကို အီရန်က ကျူးလွန်ကြောင်း အစ္စရေးဖက်က စွပ်စွဲထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အီရန်နိုင်ငံအပေါ် အရေးယူမှုပြုလုပ်နိုင်ရန်အတွက် အစ္စရေးအနေဖြင့် နိုင်ငံတကာထောက်ခံအားပေးမှုကို စုဆောင်းလျက်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် နဖ့်တာလီဘန်းနတ်က ဩဂုတ် ၃ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။အစ္စရေးနိုင်ငံမြောက်ပိုင်းတိုင်း စစ်ဌာချုပ်သို့ သွားရောက်စစ်ဆေးသည့် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဘန်းနတ်က အစ္စရေးသည် “မိမိတစ်နိုင်ငံတည်းအားဖြင့်” အီရန်နိုင်ငံကို ရင်ဆိုင်နိုင်စွမ်းရှိကြောင်း ဆိုသည်။

အိုမန်နိုင်ငံကမ်းခြေ၌ ပြီးခဲ့သော သောကြာနေ့တွင် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သော “Mercer Street” လောင်စာဆီတင်သင်္ဘောတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ထောက်လှမ်းရေးသတင်းအချက်အလက်များကို အမေရိကန် ၊ ဗြိတိန် နှင့်အခြားသော အမည်မဖော်လိုသည့် မဟာမိတ်နိုင်ငံများနှင့်အတူ အပြန်အလှန် ပေးပို့ဖလှယ်လျက်ရှိကြောင်း ဘန်းနတ် ကဆိုသည်။

ထို့ပြင် ဘန်းနတ်က ဒေသတွင်းအီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုကို “ရောင်ပြန်ဟပ်” ရန်အတွက် အစ္စရေးကာကွယ်ရေးဘတ်ဂျက်အသုံးစရိတ်အား ဘီလီယံပေါင်းများစွာ တိုးမြှင့် အသုံးပြုသွားရေး အစီအစဉ်ကို အစ္စရေးအစိုးရအဖွဲ့က ယခုရက်သတ္တပတ်အစောပိုင်းတွင် အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) တောင့်တင်းခိုင်မာဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ပဲ ကာကွယ်ရေးအရင်းအမြစ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တာပါ။ အဲဒါကို ကျနော်တို့လုပ်နေပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

——————————————————–
(English Version)

Israeli PM urges global action against Iran over tanker attack

JERUSALEM, Aug. 3 (Xinhua) — Israel is gathering international support for action against Iran over an alleged attack on an Israeli-managed oil tanker in the Gulf last week, Israeli Prime Minister Naftali Bennett said Tuesday.

During a tour to the army’s northern command headquarters, Bennett said that Israel is able to “act alone” against Iran.
He said that right after last Thursday’s deadly attack on the oil tanker “Mercer Street” off the coast of Oman, Israel shared intelligence with the United States, Britain and other unnamed allies.

Bennett said that a billion-shekel planned increase in Israel’s defense budget, approved by the government earlier this week, “reflects” the regional threat posed by Iran.

“We need a strong IDF (Israel Defense Forces) and for that we need to invest considerable resources, which we are doing,” he added.
Photo- Israeli Prime Minister Naftali Bennett speaks at Ben Gurion International Airport near Tel Aviv, Israel, on June 22, 2021. (Yossi Zeliger/JINI via Xinhua)