Connect with us

Europe

တူရကီနိုင်ငံသမ္မတအာဒိုဂန်ကို လုပ်ကြံရန် ကြိုးပမ်းမှုရှိနေကြောင်း ထောက်လှမ်းရေးအဖွဲ့များ သတိပေး

တူရကီနိုင်ငံ သမ္မတ အာဒိုဂန်အားတွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ မေ ၂ဝ ရက် (ဆင်ဟွာ)

ဘော့စနီးယား နှင့် ဟာဇီဂိုဗီနား နိုင်ငံသို့မကြာမီ အလည်အပတ်သွားမည့် ခရီးစဉ်အတွင်း တူရကီနိုင်ငံသမ္မတ အာဒိုဂန်အား လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခု ရှိနေကြောင်း ပြည်ပရှိ တူရကီမျိုးနွယ် နှင့် အနောက်တိုင်း ထောက်လှမ်းရေးအဖွဲ့များက သတိပေးမှုပြုလုပ်ခဲ့သည်ဟု တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက မေ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါသတင်းအချက်အလက်ကို မက်ဆီဒိုးနီးယားရှိ တူရကီလူမျိုးများက ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၊ သို့သော် လုပ်ကြံမည့်နေရာ နှင့် အချိန်ကို အသေးစိတ်ပေးပို့ခဲ့ခြင်းမရှိကြောင်း တူရကီထောက်လှမ်းရေးသတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။

တစ်ချိန်တည်းမှာပင် အာဒိုဂန်အား သတ်ဖြတ်မည့်ခြိမ်းခြောက်မှုတစ်ရပ် ရှိနေကြောင်း အနောက်နိုင်ငံထောက်လှမ်းရေးအဖွဲ့အစည်းများက တူရကီထောက်လှမ်းရေးအဖွဲ့အား သတင်းပေးပို့မှုများလည်း ရှိခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုတစ်ခုကို တူရကီထောက်လှမ်းရေးအဖွဲ့များက ဆက်လက်လုပ်ဆောင်နေသည်။

“ လုပ်ကြံမယ်ဆိုတဲ့ ခြိမ်းခြောက်မှုက အသစ်တော့မဟုတ်ပါဘူး။ အဲဒီလိုမျိုး ခြိမ်းခြောက်နေတာ အမြဲတမ်းပါပဲ ” ဟု တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ် Bekir Bozdag က ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် မေလ ၁၉ ရက် ညနေပိုင်းက ရေးသားထားသည်။

အာဒိုဂန်သည် မေလ ၂ဝ ရက်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနား နိုင်ငံသို့အလည်အပတ်သွားရောက်ရန်ရှိနေသည်။ ယင်းခရီးစဉ်အတွင်း အာဒိုဂန်သည် ဘော့စနီးယား နှင့် ဟာဇီဂိုဗီနား သမ္မတရုံး ဥက္ကဋ္ဌ Bakir Izetbegovic နှင့်ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။(Xinhua)