Connect with us

Europe

ဗြိတိန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်သစ် အဖြစ် ထရီဆာမေ ဖြစ်လာမည်

ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာမည့် ထရီဆာမေအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ရုတ်တရက် အပြောင်းအလဲများနှင့်အတူ ဗြိတိန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်သစ် အဖြစ် ပြည်ထဲရေး ဝန်ကြီး ထရီဆာမေ (Theresa May) အား အတည်ပြုလိုက်ကြောင်း ကွန်ဆာဗေးတစ် ပါတီဝင် ၁၉၂၂ ဦးပါဝင် သည့် ကော်မတီ ဥက္ကဋ္ဌ ဂရေဟမ် ဘရတ်ဒီက ဇူလိုင်လ ၁၁ ရက်၌ ကြေညာခဲ့သည်။

လက်ရှိ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ၎င်း၏ နုတ်ထွက်စာအား ဘက်ကင်ဟမ်း နန်းတော်၌ ဇူလိုင်လ ၁၃ ရက်တွင် အဲလိဇဘတ် ဘုရင်မကြီးထံ ပေးအပ်ပြီးနောက် ထရီဆာမေသည် တရားဝင် ဝန်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။
ပါလီမန် အမတ်များအား အောက်လွှတ်တော် ပြင်ပ၌ မိန့်ခွန်းပြောခဲ့စဉ်က ၎င်းအား ခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်သည့် အတွက် ဂုဏ်ယူသလို တာဝန်ကို ကျိုးနွံစွာ ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ထရီဆာမေက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်း၏ ခေါင်းဆောင်မှုအား ဦးစားပေး ကဏ္ဍ သုံးရပ်အနေဖြင့် ဗြိတိန်နိုင်ငံအတွက် လိုအပ်သည့် ခိုင်မာသော ခေါင်းဆောင်မှု၊ လိုအပ်သည့် စည်းလုံးညီညွတ်မှု နှင့် ဗြိတိန် အနာဂတ်အတွက် မျှော်မှန်းချက်စသည်တို့ ဖြစ်ပြီး ၎င်းတို့မှာ လူတစ်ဦး တစ်ယောက်စီတိုင်း အတွက် ဖြစ်ကြောင်း၊ နိုင်ငံ၏ အနာဂတ်အတွက် ခိုင်မာသော အပြုသဘောဆောင်သော မျှော်မှန်းချက်များဖြင့် ပြန်လည်စည်းလုံး ညီညွတ်ပြီး ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ Brexit ဆိုသည့်အတိုင်း ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂမှ ထွက်ခွာမည့် အရေးအား အောင်မြင်စွာ လုပ်ဆောင်မည် ဖြစ်ကြောင်း ထရီဆာမေက ပြောကြားခဲ့သည်။
မူလက ဗြိတိန် ဝန်ကြီးချုပ် နေရာအတွက် ကွန်ဆာဗေးတစ် ပါတီမှ ယှဉ်ပြိုင်ခဲ့သူ စွမ်းအင် ဝန်ကြီး အန်ဒရာ လစ်ဆန် (Andrea Leadsom) သည် ဇူလိုင်လ ၁၁ ရက် အစောပိုင်းက ပြိုင်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာ ခဲ့သည်။
ထရီဆာမေအား ဗြိတိန် ဝန်ကြီးချုပ်အဖြစ် တရားဝင် အတည်ပြုပြီးပါက ဗြိတိန်တွင် ၁၉၇၉ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မာဂရက် သက်ချာ (Margaret Thatcher) ပြီးနောက် ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.