Connect with us

Europe

ဖင်လန်တွင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ဝန်ထမ်း ၁,၃၅၀ ဦး လျှော့ချရန် ဆုံးဖြတ်

ဖင်လန်နိုင်ငံရှိ မိုက်ခရိုဆော့ဖ် ဖုန်း ထုတ်လုပ်ရေး ရုံးချုပ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟယ်စင်ကီ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် ဖင်လန်နိုင်ငံတွင် နောက်ဆုံး အဆင့် ညှိနှိုင်းဆွေးနွေးမှုများအား ပြုလုပ်ခဲ့ပြီးနောက် ရလဒ်အနေဖြင့် ဝန်ထမ်း ၁,၃၅၀ ဦး အထိ အလုပ်မှ ရပ်နားရန် ဆုံးဖြတ်ခဲ့ကြောင်း ဖင်လန် သတင်းဋ္ဌာန STT က ဇူလိုင်လ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ လျှော့ချဝန်ထမ်း အရေအတွက်သည် ညှိနှိုင်း ဆွေးနွေးမှုများ စတင်ခဲ့သော မေလ အကုန်တွင် ကုမ္ပဏီက ကြေညာခဲ့သည့် လျှော့ချဝန်ထမ်း အရေအတွက်နှင့် တူညီကြောင်း သိရသည်။
STT ၏ ဖော်ပြချက်အရ မိုက်ခရိုဆော့ဖ်သည် ဝန်ထမ်းလျှော့ချမှု အများစုအား မကြာမီ လုပ်ဆောင်သွားမည် ဖြစ်ပြီး ကျန်ရှိ ဝန်ထမ်းလျှော့ချမှုအား၂၀၁၇ ခုနှစ် ဇွန်တွင် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုက်ခရိုဆော့ဖ်က ညှိနှိုင်း ဆောင်ရွက်မှု အတွင်း ပါဝင်ခဲ့သည့် ဝန်ထမ်းအချို့အား အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း Redmond မြို့ရှိ မိုက်ခရိုဆော့ဖ် ရုံးချုပ်နှင့် ဖင်လန်နိုင်ငံရှိ မိုက်ခရိုဆော့ဖ်၏ အခြား ဋ္ဌာနခွဲများသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် အခွင့်အရေးပေးခဲ့ကြောင်း သိရသည်။
မိုက်ခရိုဆော့ဖ်သည် ၎င်း၏ စမတ်ဖုန်း ဟာ့ဒ်ဝဲလ် စီးပွားရေး လုပ်ငန်း ပိုမို အဆင်ပြေစွာ လည်ပတ်နိုင်ရန် အတွက် ဖင်လန်နိုင်ငံရှိ ဝန်ထမ်း ပေါင်း ၁,၃၅၀ အား လျှော့ချသွားမည် ဖြစ်ကြောင်း မေလတွင် ကြေညာခဲ့သည်။ ဖင်လန်နိုင်ငံ တောင်ဘက် အလယ်ပိုင်း Tampere မြို့ရှိ ကုမ္ပဏီ၏ ထုတ်ကုန် ဖွံ့ဖြိုး တိုးတက်ရေး ဋ္ဌာနကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
မိုက်ခရိုဆော့ဖ်၏ ဝန်ထမ်း လျှော့ချရေး အစီအစဉ်ကြောင့် ဖင်လန်နိုင်ငံ၌ စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ဖင်လန်နိုင်ငံ နိုင်ငံရေးသမား အချို့ကလည်း မိုက်ခရိုဆော့ဖ်သည် Nokia ဖုန်းလုပ်ငန်းအား ဝယ်ယူခဲ့ပြီးနောက် Nokia ဝန်ထမ်းဟောင်း ၅,၀၀၀ နီးပါးအား အကျိုးခံစားခွင့် ပေးမည်ဟု ကတိပြုခဲ့သော်လည်း ယခုလို ဝန်းထမ်း လျှော့ချခြင်းသည် ကတိပျက်ကွက်ခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.