Connect with us

Europe

ဘာလင်ဈေးတိုက်ခိုက်မှု နှင့်ဆက်စပ်နေသူ သုံးဦးအား တူနီးရှားတွင် ဖမ်းဆီး

ဘာလင်ဈေးတိုက်ခိုက်သူ Anis Amri ဓါတ်ပုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တူးနစ်၊ ဒီဇင်ဘာ ၂၅ရက် (ဆင်ဟွာ)

တူနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဘာလင် ခရစ်စမတ်ဈေးပွဲတော် အား တိုက်ခိုက်သူ Anis Amri ၏ တူဖြစ်သူ နှင့် အခြား သံသယရှိသူ ဂျီဟတ်ဝါဒီ ၂ဦးအားဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဒီဇင်ဘာ ၂၅ရက် ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

အဆိုပါထုတ်ပြန်ချက်၌ Anis Amriသည် ၎င်း၏တူဖြစ်သူအား IS စစ်သွေးကြွအုပ်စုထံ သစ္စာခံရန် လုပ်ဆောင်ခဲ့ကြောင်း ပါရှိသည်။

Amri ၏တူဖြစ်သူက ၎င်းသည် Amri နှင့် ကြေးနန်းဖြင့် ဆက်သွယ်မှုရှိကြောင်း ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံ ပြည်သူ့ရှေ့နေ က အဆိုပါသုံးဦးအား အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် သံသယရှိမှုဖြင့် တရားရုံးသို့ပို့ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ရက် တွင် ဖြစ်ပွားခဲ့သည့် ဘာလင်မြို့ တိုက်ခိုက်မှုကြောင့် လူ၁၂ဦးသေဆုံးခဲ့ပြီး ၄၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘာလင်ဈေး တိုက်ခိုက်သူ Amri အား မီလန်မြို့တွင် ရဲတပ်ဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ်အတွင်း အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အီတလီအစိုးရက ဒီဇင်ဘာ ၂၃ရက် တွင်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.