Connect with us

Europe

ဟန်ဂေရီ နိုင်ငံ တွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၅ နှစ် ပြည့် ဆွေးနွေးဖလှယ်ပွဲ အခမ်းအနား ကျင်းပ

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက်တွင် တရုတ် နိုင်ငံ နှင့် ဟန်ဂေရီ နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ရထားလမ်း စီမံကိန်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘူဒါပက် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဟန်ဂေရီ နိုင်ငံ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး သုတေသန ဌာန က စက်တင်ဘာ ၂၆ ရက် တွင် မြို့တော် ဘူဒါပက် ၌ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၅ နှစ် ပြည့် ဆွေးနွေးဖလှယ်ပွဲ ကျင်းပ ပြုလုပ် ခဲ့သည်။

ဟန်ဂေရီ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး တွမ်ကျယ်လုံ (Duan Jielong) က အခမ်းအနား တွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု စတင် ဖော်ဆောင်ခဲ့သည် မှာ အချိန် ၅ နှစ် ပြည့်ခဲ့ပြီး ဖြစ်ကာ အဘက်ဘက် မှ အတူတကွ ပူးပေါင်းဆောင်ရွက်မှုကြောင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု မှာ အဆင်မြေချောမွေ့စွာ ရှေ့ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး အင်အားကြီးမားမှု နှင့် အလားအလာ ကြီးမားမှု တို့ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ် ဇွန်လပိုင်း တွင် တရုတ်-ဟန်ဂေရီ နှစ်နိုင်ငံ အစိုးရ တို့မှ ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တွင် လက်မှတ်ရေးထိုး ခဲ့ကြပြီး တရုတ် နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် ဟန်ဂေရီ နိုင်ငံ ၏ “အရှေ့တိုင်းသို့ တံခါးဖွင့်ခြင်း” မူဝါဒ ကို အောင်မြင်စွာ ချိတ်ဆက် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဟန်ဂေရီ နိုင်ငံ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး သုတေသန ဌာန ဌာနမှူး Márton Ugrósdy က ဟန်ဂေရီ နိုင်ငံ စီးပွားရေး မှာ လတ်တလော နှစ်ပိုင်း အတွင်း လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ ဦးဆောင်မှု အောက်တွင် ဟန်ဂေရီ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများစွာ ရရှိစေခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏ မှာလည်း အဆက်မပြတ် တိုးမြှင့် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဟန်ဂေရီ နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၅ နှစ် ပြည့် ဆွေးနွေးဖလှယ်ပွဲ သို့ ဟန်ဂေရီ နိုင်ငံ အစိုးရ အရာရှိများ ၊ ပညာရှင်များ ၊ စီးပွားရေး ကဏ္ဍ ကိုယ်စားလှယ်များ အတူတကွ တက်ရောက် ခဲ့ကြပြီး ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး အား တွန်းအားပေး ဆောင်ရွက်မှု နှင့် ဟန်ဂေရီ-တရုတ် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နှင့် ပတ်သက်၍ အကြုံပြုချက်များ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.