Connect with us

Europe

အီတလီအလယ်ပိုင်းတွင် ရစ်ချာစကေး ၆.၆ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့

ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည့် အီတလီ အလယ်ပိုင်းရှိ Norcia မြို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ အလယ်ပိုင်းတွင် အောက်တိုဘာ ၃၀ရက် နံနက်ပိုင်းက ရစ်ချာစကေး ၆.၆ ရှိသည့် အင်အားပြင်း ငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ စစ်တမ်းကောက်ယူမှု အဖွဲ့ (USGS) က ပြောကြားခဲ့သည်။

အဆိုပါငလျင်သည် မြေအောက် အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ ဂရင်းနစ်စံတော်ချိန် 0640 နာရီတွင် Norcia မြို့ငယ်လေးအနီး ၌ လှုပ်ခတ်ခဲ့ပြီး ငလျင်လှုပ်ခတ်မှုသည် ရောမမြို့အထိ ရိုက်ခတ်ခဲ့ကြောင်းသိရသည်။

ငလျင်မကြာခဏလှုပ်ခတ်လေ့ရှိသော အီတလီနိုင်ငံအလယ်ပိုင်းတွင် သြဂုတ်လက အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၃၀၀နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.