Connect with us

Europe

စပိန်နိုင်ငံရှိ ကဖီးဆိုင်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၇၇ ဦးဒဏ်ရာရ


မက်ဒရစ် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

စပိန်နိုင်ငံတောင်ပိုင်း၌ အောက်တိုဘာလ ၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၇၇ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုသည် Velez-Malaga ရှိ ကဖီးဆိုင်တစ်ဆိုင်၏ မီးဖိုချောင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စပိန်နိုင်ငံရှိ ကဖီးဆိုင်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မြင်တွေ့ရပုံ(ဓာတ်ပုံ-အင်တာနက်)

စပိန်နိုင်ငံရှိ ကဖီးဆိုင်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မြင်တွေ့ရပုံ(ဓာတ်ပုံ-အင်တာနက်)

ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သူ စုစုပေါင်း ၅၇ ဦးကို ဆေးရုံသို့တင်ပို့ထားကြောင်း ၊ ၎င်းတို့အနက် လေးဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာ မရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြသည်။

အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ထပ်သတင်းတစ်စုံတစ်ရာ ထပ်မံရရှိသေးခြင်း မရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.