Connect with us

Europe

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအပေါ် တရုတ်သမ္မတ နှင့် ဖင်လန်ဝန်ကြီးချုပ် တို့ဆွေးနွေး

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဖင်လန်နိုင်ငံဝန်ကြီးချုပ် Juha Sipila တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ဟဲလ်ဆင်ကီး ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဖင်လန်နိုင်ငံဝန်ကြီးချုပ် Juha Sipila တို့သည် ဧပြီလ ၅ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံအကြား အဓိကကျသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မကြာသေးခင်နှစ်များက တရုတ် နှင့် ဖင်လန် နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိများအကြား အပြန်အလှန်ဖလှယ်မှုများကို မကြာခဏဆိုသလိုပြုလုပ်ခဲ့သည်မှာ မျက်မြင်ပင်ဖြစ်ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးရှိသော ရလဒ်များထွက်ပေါ်ခဲ့ကြောင်း ပြည်သူအချင်းချင်းကြား နှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများရှိခဲ့ကြောင်း နှင့် နိုင်ငံတကာအရေးကိစ္စရပ်များတွင်လည်း ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သမ္မတရှီ ကဆိုသည်။

တရုတ် နှင့် ဖင်လန်နိုင်ငံတို့သည် သဟဇာတဖြစ်သော အမြင်များမြင့်မားစွာ ရှိခဲ့ကြောင်း ၊ ဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာများ ၊ နှစ်ဖက်အပြန်အလှန်အကျိုးစီးပွားရလဒ် နှင့် win-win ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့ကြောင်း ရှီက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့်ဖင်လန်နိုင်ငံနှင့်အတူ အားကစားကဏ္ဍများ ၊ ခရီးသွား ၊ အာတိတ်ဒေသဆိုင်ရာ ကိစ္စရပ်များ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး နှင့် စွမ်းအင် ကာကွယ်ရေး ၊ သိပ္ပံ နှင့် နည်းပညာဆိုင်ရာတီထွင်ဆန်းသစ်မှု စသည့် အဓိကကျသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန် အဆင်သင့်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဖင်လန်နိုင်ငံဝန်ကြီးချုပ် Sipila က တရုတ်နိုင်ငံသည် ကမ္ဘာ့ရေးရာများတွင် အဓိကကျသောအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြောင်း ၊ ယခုနှစ်ဆန်းပိုင်းက Davos မြို့၌ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ တရုတ်သမ္မတရှီကျင့်ဖိန် ပြောကြားခဲ့သော မိန့်ခွန်းမှာ အလွန်အရေးပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.