Connect with us

Europe

တရုတ်နိုင်ငံက အခြားနိုင်ငံများအတွက် ဧရာမဈေးကွက်ကြီးတစ်ခုကို တည်ဆောက်သွားမည်

ဒါဗိုစ့်မြို့ ၌ ကျင်းပသော ကမ္ဘာ့ စီးပွားရေးဖိုရမ်၌ တရုတ်သမ္မတရှီကျင့်ဖိန် က အဖွင့်မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဒါဗိုစ့် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ့်မြို့၌ ဇန်နဝါရီလ ၁၇ ရက်က ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အဖွင့်မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံသည် ဧရာမ ဈေးကွက်ကြီးတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နှင့် အခြားနိုင်ငံများအတွက် စီးပွားရေးအခွင့်အလမ်းများကို ပို၍ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာမည့် ၅ နှစ်အတွင်း တရုတ်နိုင်ငံအနေဖြင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ထရီလီယံ ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆ဝဝ ဘီလီယံ နှင့် ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၇၅ဝ ဘီလီယံ အသီးသီးရရှိရန် မျှော်မှန်းထားကြောင်း နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ဝင်ငွေရရှိရန် မျှော်မှန်းထားကြောင်း သမ္မတရှီက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.