Connect with us

Europe

အီရတ်သံအမတ်ကြီးသည် သားနှစ်ဦး ကြောင့် ပေါ်တူဂီမိသားစုထံ လျော်ကြေးအဖြစ် ယူရို ၅၂,၀၀၀ ပေးခဲ့ရ

အီရတ်သံအမတ်ကြီး၏ သားနှစ်ဦးဖြစ်သူ Haider နှင့် Ridha Ali တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လစ္စဘွန်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ ဆိုင်ရာ အီရတ်သံအမတ်ကြီး Saad Mohammed Ridha သည် ၎င်း၏ အမွှာသားနှစ်ဦးက လွန်ခဲ့သည့် နှစ် သြဂုတ်လတွင် ပေါ်တူဂီမိသားစုတစ်စု ၏ သားတစ်ဦးအား ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့၍ နစ်နာကြေးအဖြစ် ယူရို ၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၂,၈၀၀ ) ပေးလျော်ခဲ့ရကြောင်း ပေါ်တူဂီနိုင်ငံ လူဆာ သတင်းဋ္ဌာနက ဇန်နဝါရီ ၁၇ရက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အီရတ်သံအမတ်ကြီးသည် အသက် ၁၅နှစ်အရွယ် နစ်နာသူ Ruben Cavaco အား ဆေးကုသမှုစရိတ်အဖြစ် ယူရို ၁၂,၀၀၀ ထပ်မံပေးခဲ့ရကြောင်း သိရသည်။

Ridha သည် Cavaco၏ မိသားစုများနှင့် တရားရုံးပြင်ပ၌ ဇန်နဝါရီ ၁၇ ရက်တွင် ကျေအေးရန် သဘောတူညီချက်ရခဲ့ကြောင်း နှင့် Ruben Cavaco အား သံအမတ်၏ သားနှစ်ဦးဖြစ်သော ၁၇နှစ်အရွယ် Haider နှင့် Ridha Ali တို့က မေ့မျောသည်အထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ အမှုအား ပေါ်တူဂီနိုင်ငံ ပြည်သူ့ရှေ့နေရုံးကိုယ်စား အလိုအလျောက် ဆက်လက်စီရင်သွားမည်ဖြစ်ပြီး သံအမတ် သားနှစ်ဦး၏ သံတမန်ကင်းလွတ်မှု ရုပ်သိမ်းခံရပါက ၎င်းတို့အား တရားရုံးသို့ ခေါ်ယူ၍ တရားစီရင်သွားမည်ဖြစ်ကြောင်း သိရသည်။

သံအမတ်၏ သားနှစ်ဦးဖြစ်သည့် Haider နှင့် Ridha Aliတို့သည် ယခင်နှစ် သြဂုတ် ၁၇ရက်က လစ္စဘွန်းမြို့ အရှေ့မြောက်ဘက် ၁၈၀ကီလိုမီတာအကွာ ခန့်ရှိ Ponte de Sor မြို့တွင် Cavacoအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ Cavaco သည် လစ္စဘွန်းမြို့ရှိ ဆေးရုံတစ်ခုတွင် ငါးရက်ကြာမေ့မြောနေခဲ့ပြီး ဆေးကုသမှုများခံယူပြီးနောက် စက်တင်ဘာလအစောပိုင်းတွင် ဆေးရုံမှ ပြန်ဆင်းလာခဲ့ကြောင်း သိရသည်။

အမွှာညီအကိုနှစ်ဦးအား အစောပိုင်းတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သော်လည်း ၎င်းတို့သည် သံအမတ်၏ သားများဖြစ်ကြောင်း သိရှိပြီးနောက် သံတမန်ဆိုင်ရာ တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည့်အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သံအမတ်၏ သားနှစ်ဦး အတွက် သံတမန်ကင်းလွတ်ခွင့်များအား ရုပ်သိမ်းပေးရန် အီရတ်နိုင်ငံထံ နှစ်ကြိမ်တိုင် မေးမြန်းခဲ့သော်လည်း အီရတ်အာဏာပိုင်များက ပေါ်တူဂီအနေဖြင့် စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်သည့် တရားဝင် အသေးစိတ်အချက်အလက်များ ထပ်မံပေးပို့ရန်တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.